p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 8 September 2013

ကြေကွဲမူ..နိဒါန်း

~~~~ကြေကွဲမူ..နိဒါန်း~~~
နင့်ရဲ့ပိုင်နက် ငါ့မျှော်လင့်ချက်တွေ
ကြယ်မမြင် လပျောက်
မဟူရာအရောင် လွှမ်းထလို့နေတယ်….။

ငါက နင့်အတွက်
အိုအေစစ်မဟုတ်ဘူးပဲထားပါ
ရင်ကွဲနာတချို့အတွက်
သမားကောင်းဖြစ်ခဲ့ဖူးတာ မမေ့ပစ်ပါ့နဲ့….။
(သန်းခေါင်မသိ မိုးသောက်သည်အထိ ဝေဆာဖူးတဲ့ Conversation တွေကို စာနာသောအားဖြ**့ပေါ့….)

နင့်မျက်ရည်တွေ
ငါ့နှလုံးသားကို လာမှန်ပါတယ်
နင့်အရှုံးတွေ နားထောင်ပေးရင်း
ငါ့အချစ်တွေ နင့်ရင်ခွင်မှာ ဆုံးခဲ့တယ်
” ငါ့ရဲ့လမင်း” သီချင်းနဲ့…….
ငါတို့ရဲ့ညတွေ နေ့သို့ပြောင်းခဲ့ဖူးတယ်။

ငါတို့အတိတ်ဟောင်းက
နင့်အတွက် ခယောင်းတော တဲ့လား….?
ဒီလိုတွေးတတ်လာရင်
်နင် ငါ့ရင်ကိုနင်းလျှောက်လို့ ထွက်သွားစမ်းပါ။
ငိုသံနဲ့ရင်းတဲ့ ကတ္တီပါလမ်းတလျှောက်
နင့်ပျော်ရွှင်မှုတွေ တရားဝင်ဖြစ်ဖို့ အရေးကြီးတယ်လေ။

နင့်အကြောင်းကလွဲရင်
ငါ့ကိုယ်ငါတောင် စိတ်ဝင်စားမှုနည်းတတ်တဲ့ငါ….
ပေးဆပ်မှုတွေနဲ့သာ သွေးနွေးစေခဲ့တာပါ
(အင်းပေါ့လေ….. ပျော်တော်ဆက်ဆိုတာ ၀မ်းသာနေချိန် ဘယ် လို အပ် ပါ့ မ လဲ????)
အရံလူဘ၀မှာ ခိုနားချင်မိတဲ့ ငါကိုက “မိန်းမအ” ပါ။

စိမ်းကားမှုတွေ ထင်ရှားလာတိုင်း….
အလွမ်းတွေ မခမ်းသရွေ့….
ငါ ဆက်လက် ကြေကွဲပေးပါ့မယ်။

ငါဟာ နင့်ရဲ့…….
ပုံပြင်တစ်ပုဒ်သာ ဖြစ်ခွင့်ရရင်……
နင့်အတွက် ငါ…..
ခံစားနေရတာ ဂုဏ်ယူပါတယ်။

အချစ်ပဲ ….
ရခဲ့ဖူးသမျှအရာရာကို ကျေနပ် မြတ်နိုး တန်ဖိုးထားတတ်ရမှာပေါ့….။       ။       ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ