p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 9 September 2013

တိတ်တိတ်လေးပါပဲနော်


လွမ်းတယ်လို့ ဖွင့်မပြောချင်ဘူး
တိတ်တခိုးလေးသူ
လှောင်ရယ်နေမှာစိုးလို ။
   . . .    

ချစ်တယ်လို့ ဖွင့်မပြောချင်ဘူး
သူရောင့်တက်မှာစိုးလို့ 
လွမ်းတယ်လို့ ဖွင့်မပြောချင်ဘူး
တိတ်တခိုးလေးသူ
လှောင်ရယ်နေမှာစိုးလို ။
မြတ်နိုးတယ်လို့ ဖွင့်မပြောချင်ဘူး
ပိုက်ဆံမပေးဘဲကြည့်ရတဲ့ 
ဟာသကားတစ်ခုက
ဒိုင်ယာလော့(ခ်)လို့ ထင်မှာစိုးလို့ ။
သူမသိနိုင်တဲ့အဝေးတစ်နေရာကနေ
တိတ်တခိုးလေးပဲ
ထာဝရချစ်သွားတော့မယ်။

တိတ်တခိုးဆုတောင်း


အချိန်တိုအတွင်း ယုံကြည်ခဲ့မိတဲ့
တို့ နှစ်လုံးသားတစ်စုံဟာ
မျက်ရည်ကိုအဖော်မပြုရပါစေနဲ့ လို့ 
တိတ်တခိုးဆုတောင်းနေရင်း
   . . .    

နှောင်းမျက်ရည်


ကိုယ်တို့ ယောကျာင်္းလေးတွေလာ
ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစဇာတ်ညွန်းကို
ပုံဖော်ရေးသားခဲ့ပေမယ့်.......................
   . . .    

*-*-*-*ရင်ကွဲပလက်လမ်းဆုံ*-*-****

ရင်ကွဲပလက်လမ်းဆုံ
တစ်ခုကိုလျှောက်နေမိတယ်...
ရင်တစ်ခုလုံးဒဏ်ရာတွေ
အပြည်.နဲ.ပေါ.
အားတင်းရင်နဲ.လျှောက်ခဲ.တဲ.
ငါကိုယ်ကိုငါနောက်လှည်.ကြည်.ဖို.
မတွေးခဲ.မိပါဘူး
ရင်နဲ.အမျှနာကျင်ရပင်မယ်.
နင်ကိုချစ်တဲ.အချစ်တခုအတွက်ပဲ
ငါရင်စည်းခံခဲ့တာပါ
အထင်ကရနှလုံးသားပါဟာ
အပေါစားတော.မဆန်ပါဘူး
ရူးသွပ်စွာချစ်မိခဲ.ပင်မယ်.
ရလာမဲ.ရလာဒ်ကတော.
ခုချိန်ထိတော.
ငါရင်ကွဲနေတုန်းပါ........။

ရိုသေစွာနဲ့ နူက်ဆက်ခဲ့ပါတယ်


ဒီကဗျာကို ရေးဖို့
ငါ့ကိုယ်ငါ  တိုင်မင်ကြည့်တော့
" မင်းသဘော" တဲ့

တိမ်တွေ ခြေချင်းလိမ်နေတဲ့ ည .....
အတွေးတွေကို တောင်ပံတပ်
စကားလုံးနယ်မြေထဲ ပျံသန်းခဲ့

အချိန်တွေတောင်  များစွာကြွေကျလို့
လင်းကြက်တောင် တွန်းကြူးလို့နေပြီ
လိုချင်နေတဲ့ စကားလုံး
အရိပ်အယောင်တောင်မတွေ့၊
ဝမ်းတစ်ထွာအတွက်
နိုးကြားရတော့မယ့်အချိန်
တဖြေးဖြေးနဲ့ နီးကပ်လာလေတော့
အညားသားပီပီ ဒဲ့ပဲပြောရတော့မယ်ပေါ့


အားလုံးကို ရိုသေစွာနဲ့

နူတ်ဆက်ခဲ့ပါတယ်................။      

ကိုယ်ရံတော်


ကျောက်ဆောင်တွေက
ငိုကြတယ်...
ကမ်းခြေလေးရေ
မင်းအတွတ်....
ကိုယ်တားဆီးထားပေမယ့်
မုန်တိုင်းတွေကြောင့်

ရေလှိုင်းတွေအ၀င်ကြမ်း

ကမ်းခြေလေးကို...
ခပ်ရင့်ရင့်နမ်းရှိုတ်သွားကြတာ
ကမ်းခြေလေးပျက်ဆီးသွားတဲ့...
မင်းရင်ခွင်အတွတ်
ကိုယ်ဟောဒီဝဿန်မိုးစက်တွေနဲ့..
အေးစပ်စပ်ဆေးကြောပြစ်မှာပါ
ကမ်းခြေလေးရေ............

Sunday 8 September 2013

လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 1 ) ( 2 )


“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 1 )

မင်္ဂလာပါ ငွေသော်တာရောင်ခြည်လေးရေ …
မင်းဘက်က ကြိမ်လုံးသာ မကိုင်ဘူးဆိုရင်
ကိုယ် သိုးငယ်လေးတစ်ကောင်လို ရိုကျိုးခယ
မင်းရဲ. ထာဝရကျောင်းသား ဖြစ်ပါရစေ

အရာရာချို.ငဲ.ခဲ.သူ တစ်ယောက်အနေနဲ.
မင်နီတွေ နောက်တစ်ခေါက် မကြုံချင်တဲ. အဖြစ်မျိုး
ရိုးရှင်းတဲ. ရည်ရွယ်ချက် နွမ်းလျလျ
ဆရာမလေးရေ ….
နားလည်ပေးပါ

သံတူကြောင်းကွဲ အမှားသစ်တွေ
ဘယ်တော.မှ ထပ်မဖြစ်ရအောင်
သုညက စပြီး ဖာထေးပြုပြင်
အခု ၀ လုံးတွေ ပြန်ရေးသင်နေတယ်

အဖြူအစိမ်းတို.ရဲ. အဖြူအစိမ်းလေးရေ…
အဲဒီမြေဖြူကိုင်တဲ. လက်ချောင်းတွေနဲ.
ကပေကရေ ကျောက်သင်ပုန်းအိုထက်မှာ
ဟောဒီကောင်.အိပ်မက်ကို
ဝိုင်းဝိုင်းစက်စက် စာလုံးပေါင်းလှည်.ပါတော. …..။


“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 2 )

လဲနေသူငါ.ကို ထူလှည်.ပါ
အ အာ အိ အီ နေ့စွဲတွေကြားမှာ
ခေါင်းလောင်းသံ ခပ်စွာစွာလေးကိုပဲ
တသသ ဆာလောင်နေမိတယ်
တကယ်တော. ရင်ခုန်သံဆိုတာ
သံယောဇဉ်တွေ စာအံနေကြတာပေါ.
၁၅၀၀ နဲ. ၅၂၈ ကြားမှာ
မျက်ဝန်းတစ်စုံစာပဲ ခြားနားပါတယ်
တခြားဘာကိုမှ မတောင်းဆိုပါဘူး
ပေါင်းနှုတ်မြှောက်စားတွေ မပါတဲ.
မသိကိန်းပုစ္ဆာတစ်ပုဒ် အနေနဲ. ဖြစ်ဖြစ်
အမှတ်ပေးစည်းမျဉ်းကို ဂရုမစိုက်တဲ.
အောင်စာရင်းတစ်ရွက်အနေနဲ. ဖြစ်ဖြစ်ပေါ.
ကျေးဇူးပြုပြီး
ငါ.ကို ပြန်မချစ်နိုင်ရင်တောင်မှ
ကျေးဇူးပြုပြီး
ငါ.ကို ပြန်ချစ်ပေးပါ
လူတစ်ယောက် အနာဂတ်ကို ပြဌာန်းဖို.
တစ်ဆိတ်လောက်
ခေါင်း မ ယမ်း ပါ နဲ. တော. ကွယ်...။ ။ ။

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ