p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 August 2013

ကောင်မလေးအတွက်

ကောင်မလေးရေ. . . . .
ချစ်ခြင်းမေတ္တာဆိုတာကိုယ်ပေးနိုင်သလောက်သာ ကိုယ်ပြန်ရခဲ့မယ်ဆိုရင်
ဒီရင်နှင့်မဆံ့ ကမ္ဘာမြေအနှံ့သင်းပျံ့နေပါလိမ့်မယ် တစ်နွယ်ငင် တစ်ပင်တည်းပိုးလို့
တစ်ပွင့်တည်းပွင့်တတ်တဲ့ပန်းတစ်မီူးမှာ ဘာအရောင်ဆိုးဆေးတွေမှမရှိပဲ ပကတိ
ဖြူစင်တဲ့မေတ္တာနဲ့ချစ်ခဲ့ရတာပါကောင်မလေးရယ်. အလွမ်းတွေကြောင့်တောက်လောင်
နေတတ်တဲ့မီးလျှံတွေလည်း ဘယ်အခြေအနေမှာငြိမ်းသက်နိုင်ပါ့မလဲကောင်မလေးရယ်. . .
နှင်းတွေဝေနေတတ်တဲ့ နံနက်ခင်းတိုင်းမှာအလိုက်သိ စီးဆင်းနေတတ်တဲ့ နင့်ရဲ့
ပုံရိပ်တွေရယ် ပြီးတော့ တွေဝေမှုတွေနဲ့ ပိာုး. . . .
အဝေးကြီးကို ငေးကြည့်နေတတ်တဲ့
ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေက ဆောင်းပန်ချီးကားလေး
တစ်ချပ် ချိတ်ဆွဲထားသလိုပါပဲ . ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ဆုံစည်းမှုက ဘယ်တော့များ
မှလဲကွာ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းပျောက်ကွယ်မသွားသ၍ အိပ်မက်တွေထဲထိအောင်
ရောင်ယမ်းတမ်းတနေမိဦးမှာပါ ကောင်မလေးရယ်. . .
ငါပာာမရေရာခြင်းတွေနဲ့ဖြစ်တည်နေတဲ့ မြစ်တစ်စင်းလိုလူတစ်ယောက်ပါ နင့်ရင်ခွင်ဆီ
ရောက်အောင် ဘယ်လိုများဖြတ်သန်းစီးဆင်းခွင့်ရပါ့မလဲ. နာကျင်ကြေကွဲမှုတွေနဲ့ ငါ့နှလုံးသား
ပေါ်မှာ အရုပ်ရေးဆွဲခဲ့တဲ့ နင့်ရဲ့ပုံတူပန်ချီးကားချပ်လေး ပျောက်ပြယ်လွင့်ပြယ်သွားမှာကိုတော့
အရမ်းပဲစိုးရိမ်နေခဲ့မိတယ် ငါ့ရင်ထဲက ခံစားနေသမျှကို နင်မြင်သာအောင် နှင်းတွေလိုဝေပြလို့ရရင်
လည်းအကောင်းသား ဒါမှ မိုသိပ်မျှော်လင့်နေသူတစ်ယောက်ရဲ့ ရင်ထဲကဆန္ဒမှန်သမျှကို နင်မြင်သာ
လာနိုင်မယ်မပာုတ်လားးး သတိရခြင်းတွေကြောင့် အလွမ်းတွေဖြစ်တည်နေတတ်သလို အဲ့ဒီအလွမ်းတွေ
ကြောင့်ပဲ ငါ့ရင်မှာအချစ်တွေကပိုပြီး ခိုင်မာစေတတ်ခဲ့တာပါ. ချစ်တယ်ဆိုတဲ့စကားလုံးလေးထက် ပိုလို့တောင်
ချစ်ခဲ့ရတာပါကောင်မလေးရယ်. ပိုင်ဆိုင်ခွင့်ရဖို့ဆိုတာထက် အချိန်တိုင်းသတိရနေတတ်တဲ့ လူတစ်ယောက်ရဲ့
ရင်ကို စာနာပါဦးတော့. . .
ပန်းတစ်ပွင့်ဖြစ်တည်ဖို့ဆိုတာ ဥယျဉ်မှူးတစ်ယောက်ရဲ့ မေတ္တာနဲ့စေတနာပေါ်မှာမူတည်တာပါ ဒါမှလည်း
အလှဆုံးပန်းလေးတစ်ပွင့်အဖြစ် ပွင့်ဝေလာမှာမပာုတ်လား ဒီလိုပါပဲ နှလုံးသားကဖူးပွင့်ဝေဆာလာတဲ့ ပန်းတစ်ပွင့်ပာာ
ငါ့နှလုံးသွေးတွေနဲ့ရင်းခဲ့ရပြီး ခိုင်မာတဲ့နှောင်ကြိုးပေါင်းများစွာနဲ့ ဂရုတစ်စိုက်ပွင့်စေခဲ့တာပါ ပန်ချင်ရင်လဲပန်လိုက်ပါ
မပန်ချင်ရင်လည်း ခြွေခဲ့ပါကောင်မလေးရယ်. ညှိုးငယ်စွာနဲ့ နာကျင်ကြေကွဲလို့ကျန်နေခဲ့ရမယ့်ဒဏ်ကို ငါမခံနိုင်လို့ပါ
ကောင်မလေးရယ်. ငါ့ကိုတော့ နင့်စိတ်ရဲ့ခဏတာမှာ မြူတစ်မှုန်စာလောက်ရှိတယ်ဆိုရင်တောင် ကျေနပ်နေသူပါ ငါ့
နှလုံသားမှာတည်မြဲနေတဲ့ နင်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုချေဖျက်ဖို့ နင့်အချစ်တွေနဲ့မှ ကြေလိမ့်မယ်ထင်တယ်
ဒါပေမယ့် စိတ်ကရည်းစူးရင်း နှုတ်ကပြောခွင့်မရှိတဲ့ ပညက်ချက်စည်းဘောင်တွေထဲမှာ နေသားတကျနေထိုင်ရင်း နင့်
အကြောင်းတွေကိုနားစွင့်နေမယ် အခွင့်အရေးဆိုတာ ငါ့အတွက်ရှိနေသေးရင် နင်ကမ်းလာမယ့် လက်တဖက်ကို စောင့်
မျှော်နေမယ့်သူက ငါပါ. . .

No comments:

Post a Comment

အကြံပြုမယ်