p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 11 May 2013

၂၀၁၃ ကျင့်ရန်

ကိုယ်ဟာမျက်နှာသစ်တယ်
ဒါပေမဲ့
နွမ်းနေတဲ့စိတ်တွေ
မသစ်နိုင်ရင်အလကားပဲ

ကိုယ်ဟာ
နေ့တိုင်းသွားတိုက်တယ်
ဒါပေမဲ့
အကျင့်စာရိတ္တကို
မတိုက်ချွတ်နိုင်ရင်
အလကားပဲ

ကိုယ်ဟာ
နေ့တိုင်းရေချိုးတယ်
ဒါပေမဲ့
ဖြူစင်မှုကို
မမြတ်နိုးတတ်ရင်အလကားပဲ

ကိုယ်ဟာ
နေ့တိုင်းမှန်ကြည့်တယ်
ဒါပေမဲ့
ကိုယ့်ကိုကိုယ်ပြန်မသုံးသပ်တတ်ရင်
အလကားပဲ

ကိုယ်ဟာ
နေ့တိုင်း
အဝတ်အစားဝတ်တယ်
ဒါပေမဲ့
ရိုးသားမှုဝတ်ရုံကိုမဝတ်ထားရင်
အလကားပဲ

ကိုယ်ဟာ
မပြင်မဆင်နေတယ်

ဒါပေမဲ့
ဖြူစင်မှုကိုအလေးထား
သစ္စာတရားကို တန်ဖိုးထား
ရိုးသားမှုဝတ်ရုံကို
ဆင်မြန်းထားရင်
သေတောင်မွှေးရနံ့သင်းပျံ့နေမဲ့လူသားပဲ ။ ။

ကိုယ့်ကိုသာသတိပေးခြင်းဖြစ်ပါသည်။

No comments:

Post a Comment

အကြံပြုမယ်