p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

မုန်းဖို့ရွယ်စူး...မည်သူချစ်ခဲ့ပါသလဲ....

မင်းရဲ့အကြင်နာတွေနဲ့ဝေးသွားပေမဲ့
မင်းကိုချစ်တဲ့ငါက
နားလည်စွာချစ်နေဆဲပါပဲ...
မင်းရဲ့ဥပေက္ခာပြုခြင်းကို
ရင်နဲ့မမျှခံစား နေရသော်လည်း
မင်းကျေနပ်တယ်ဆိုရင်
ဝမ်းနည်းစွာကြေကွဲရင်း
မင်းကိုချစ်နေတုန်းပါပဲ...
မင်းမုန်းခိုင်းတော့လည်း
နာကျင်ခံခက်ပေမဲ့
မင်းပျော်ပါစေ
တောင်းဆုခြွေလျက်
မင်းအရှေ့ကလမ်းခွဲခဲ့ပေမဲ့
မမာနိုင်တဲ့နှလုံးသားက
မင်းကိုချစ်နေဆဲလေ...
သြော်...
မုန်းဖို့ရွယ်စူး
မည်သူချစ်ခဲ့ပါသလဲ...                               

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ