p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, 24 November 2012

ဝိဥာဉ်တစ်ကောင်၇ဲ.တမ်းချင်း

မျက်လုံးလေးမှိတ်ထားပေးပါချစ်သူ.
ချစ်သူ့ရဲ့အာရုံထဲမှာ သက်ရောက်မှုတွေ ကင်းကွာနေတဲ့
ဒီလိုရှားပါးတဲ့ အခိုက်အတန့်လေးတစ်ခုမှာ
   . . .   


တိုးညှင်းတဲ့ရင်ခုန်သံလေးတွေ စုစည်းပေါင်းစပ်ပြီး
ကိုယ့်ရဲ့ အသိအာရုံကို ထိန်းချုပ်ဖို့ ကြိုးစားလာကြတယ်..
နေ့စဉ်လှုပ်ရှားနေတဲ့ နိစ္စဓူဝဖြစ်စဉ်တွေထဲမှာ
ချစ်သူအတွက် ကဗျာလှလှလေးတွေ
ရေးစပ်ဖို့ အချိန်လေးတစ်ခုဝင်လာခဲ့တယ်ချစ်သူရယ်...

ချစ်သူကို ပွင့်လင်းစွာချစ်ခွင့်ရချင်ပါတယ်.
ချစ်သူစိုးရွံ့မှာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်.
ချစ်သူနဲ့ ကိုယ်ကြားမှာ မကျော်နိုင်တဲ့ အဆီးအတားတစ်ခုရှိနေတယ်
ချစ်သူမလိုလားတဲ့ ဖြစ်ရပ်မျိုးကိုလည်း ကိုယ်မဖန်တီးချင်ပါဘူးကွယ်…

ချစ်သူမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်သိအောင် ကြိုးစားမိခဲ့တယ်.
ဒါဟာလည်း ချစ်သူရင်ထဲက ပြောမပြဖြစ်တဲ့ နာကျင်မှုတွေကို ကုစားပေးချင်လို့ပါ.
ကိုယ်ဒီလိုကြိုးစားမိလို့ ချစ်သူ့ရင်ကို ပိုနာကျင်မိသွားစေလားဟင်
ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ဘတ်ကို ကျောပြင်အဖြစ်ပြောင်းလိုက်ပါမယ်ချစ်သူရယ်...

ကိုယ့်ရင်ထဲက အချစ်တွေကို ချစ်သူ မသိချင်နေပါ.
ကိုယ့်ဆင်ခြင်တုံတရားရဲ့ ကျဆုံးမှုကိုလည်း ချစ်သူ မမြင်ချင်နေပါ.
ကိုယ့်ရဲ့သံယောဇဉ်နဲ့တွယ်တာမှုကိုတော့ ပြက်ရယ်မပြုပါနဲ့နော်…

ကြည့်ပါချစ်သူ
မေပယ်လ်ပင်လေးတွေ အနီတစ်ဝက်အ၀ါတစ်ဝက်နဲ့
ကိုယ့်ချစ်သူရဲ့ ခြေလှမ်းလေးကြွအလာကို ၀ပ်တွားခစားနေကြတယ်...

နားထောင်ပါချစ်သူ
ဆီဒါပင်လေးတွေကို လေတိုးနေတဲ့အသံလေးတွေထဲမှာ
ချစ်သူမြတ်နိုးတဲ့ သံစဉ်လေးတွေ စီးမျောနေတယ်...

ခံစားပါချစ်သူ
ချစ်သူရဲ့မျက်ဝန်းလေးပေါ်မှာ ဖြာဆင်းနေတဲ့ နေခြည်နုထွေးလေးတွေမှာ
ချစ်သူအပေါ်ထားတဲ့ ကိုယ့်မေတ္တာရဲ့ နွေးထွေးမှုလေးတွေ ပျော်ဝင်နေတယ်...

ငိုလိုက်ပါချစ်သူ
မေတ္တာလိုအပ်နေတဲ့ အားနည်းသူလေးတွေအတွက်
ချစ်သူရဲ့ နှလုံးသားထဲက ကိုယ်ချင်းစာတရားလေးကို ဖော်ကျူးပေးနိုင်ဖို့ပေါ့...

ပြုံးလိုက်ပါချစ်သူ
မှောင်မိုက်နေတဲ့ ဒဏ်ရာနေ့ဟောင်းလေးတွေ
အားအင်သစ်နဲ့အတူ ပြန်လည်နိုးထလာနိုင်ဖို့ပေါ့...

ရီလိုက်ပါချစ်သူ
ကမ္ဘာလောကကြီးရဲ့ ပူဆွေးသောကတစ်ချို့ကို
ချစ်သူရဲ့ ရယ်သံချိုချိုလွင်လွင်လေးနဲ့ ကုစားပေးဖို့ပေါ့...

မျက်လုံးလေးမှိတ်ထားပေးပါချစ်သူ.
ချစ်သူ့ရဲ့အာရုံထဲမှာ သက်ရောက်မှုတွေ ကင်းကွာနေတဲ့
ဒီလိုရှားပါးတဲ့ အခိုက်အတန့်လေးတစ်ခုမှာ
ချစ်သူရဲ့ နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေးနမ်းပြီး
တိုးတိုးလေးပြောခဲ့ချင်ပါတယ်…
...
...
မြတ်နိုးရပါတယ် ချစ်သူရယ်…
...
...

အလို…
ဘုရားကျောင်းက ခေါင်းလောင်းသံတစ်ချက်လွင့်မျောလာတယ်.
ကိုယ်သွားရတော့မယ် ချစ်သူရယ်..
ချစ်သူရဲ့ဘ၀လေး အေးချမ်းပျော်ရွှင်စေဖို့
သခင့်ဆီမှာ ကိုယ်ဆုတောင်းပေးမယ်နော်….
ထာဝရပေါ့…

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ