p
ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Monday 9 September 2013
တိတ်တိတ်လေးပါပဲနော်
လွမ်းတယ်လို့ ဖွင့်မပြောချင်ဘူး
တိတ်တခိုးလေးသူ
လှောင်ရယ်နေမှာစိုးလို ။
   . . .    
ချစ်တယ်လို့ ဖွင့်မပြောချင်ဘူး
သူရောင့်တက်မှာစိုးလို့ 
လွမ်းတယ်လို့ ဖွင့်မပြောချင်ဘူး
တိတ်တခိုးလေးသူ
လှောင်ရယ်နေမှာစိုးလို ။
မြတ်နိုးတယ်လို့ ဖွင့်မပြောချင်ဘူး
ပိုက်ဆံမပေးဘဲကြည့်ရတဲ့ 
ဟာသကားတစ်ခုက
ဒိုင်ယာလော့(ခ်)လို့ ထင်မှာစိုးလို့ ။
သူမသိနိုင်တဲ့အဝေးတစ်နေရာကနေ
တိတ်တခိုးလေးပဲ
ထာဝရချစ်သွားတော့မယ်။
တိတ်တခိုးဆုတောင်း
အချိန်တိုအတွင်း ယုံကြည်ခဲ့မိတဲ့
တို့ နှစ်လုံးသားတစ်စုံဟာ
မျက်ရည်ကိုအဖော်မပြုရပါစေနဲ့ လို့ 
တိတ်တခိုးဆုတောင်းနေရင်း
   . . .    
နှောင်းမျက်ရည်
ကိုယ်တို့ ယောကျာင်္းလေးတွေလာ
ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစဇာတ်ညွန်းကို
ပုံဖော်ရေးသားခဲ့ပေမယ့်.......................
   . . .    
*-*-*-*ရင်ကွဲပလက်လမ်းဆုံ*-*-****
ရင်ကွဲပလက်လမ်းဆုံ
တစ်ခုကိုလျှောက်နေမိတယ်...
ရင်တစ်ခုလုံးဒဏ်ရာတွေ
အပြည်.နဲ.ပေါ.
အားတင်းရင်နဲ.လျှောက်ခဲ.တဲ.
ငါကိုယ်ကိုငါနောက်လှည်.ကြည်.ဖို.
မတွေးခဲ.မိပါဘူး
ရင်နဲ.အမျှနာကျင်ရပင်မယ်.
နင်ကိုချစ်တဲ.အချစ်တခုအတွက်ပဲ
ငါရင်စည်းခံခဲ့တာပါ
အထင်ကရနှလုံးသားပါဟာ
အပေါစားတော.မဆန်ပါဘူး
ရူးသွပ်စွာချစ်မိခဲ.ပင်မယ်.
ရလာမဲ.ရလာဒ်ကတော.
ခုချိန်ထိတော.
ငါရင်ကွဲနေတုန်းပါ........။
ရိုသေစွာနဲ့ နူက်ဆက်ခဲ့ပါတယ်
ဒီကဗျာကို ရေးဖို့
ငါ့ကိုယ်ငါ  တိုင်မင်ကြည့်တော့
" မင်းသဘော" တဲ့
တိမ်တွေ ခြေချင်းလိမ်နေတဲ့ ည .....
အတွေးတွေကို တောင်ပံတပ်
စကားလုံးနယ်မြေထဲ ပျံသန်းခဲ့
အချိန်တွေတောင်  များစွာကြွေကျလို့
လင်းကြက်တောင် တွန်းကြူးလို့နေပြီ
လိုချင်နေတဲ့ စကားလုံး
အရိပ်အယောင်တောင်မတွေ့၊
ဝမ်းတစ်ထွာအတွက်
နိုးကြားရတော့မယ့်အချိန်
တဖြေးဖြေးနဲ့ နီးကပ်လာလေတော့
အညားသားပီပီ ဒဲ့ပဲပြောရတော့မယ်ပေါ့
အားလုံးကို ရိုသေစွာနဲ့
နူတ်ဆက်ခဲ့ပါတယ်................။      
ကိုယ်ရံတော်
ကျောက်ဆောင်တွေက
ငိုကြတယ်...
ကမ်းခြေလေးရေ
မင်းအတွတ်....
ကိုယ်တားဆီးထားပေမယ့်
မုန်တိုင်းတွေကြောင့်
ရေလှိုင်းတွေအ၀င်ကြမ်း
ကမ်းခြေလေးကို...
ခပ်ရင့်ရင့်နမ်းရှိုတ်သွားကြတာ
ကမ်းခြေလေးပျက်ဆီးသွားတဲ့...
မင်းရင်ခွင်အတွတ်
ကိုယ်ဟောဒီဝဿန်မိုးစက်တွေနဲ့..
အေးစပ်စပ်ဆေးကြောပြစ်မှာပါ
ကမ်းခြေလေးရေ............
Sunday 8 September 2013
လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 1 ) ( 2 )
“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 1 )
မင်္ဂလာပါ ငွေသော်တာရောင်ခြည်လေးရေ …
မင်းဘက်က ကြိမ်လုံးသာ မကိုင်ဘူးဆိုရင်
ကိုယ် သိုးငယ်လေးတစ်ကောင်လို ရိုကျိုးခယ
မင်းရဲ. ထာဝရကျောင်းသား ဖြစ်ပါရစေ
အရာရာချို.ငဲ.ခဲ.သူ တစ်ယောက်အနေနဲ.
မင်နီတွေ နောက်တစ်ခေါက် မကြုံချင်တဲ. အဖြစ်မျိုး
ရိုးရှင်းတဲ. ရည်ရွယ်ချက် နွမ်းလျလျ
ဆရာမလေးရေ ….
နားလည်ပေးပါ
သံတူကြောင်းကွဲ အမှားသစ်တွေ
ဘယ်တော.မှ ထပ်မဖြစ်ရအောင်
သုညက စပြီး ဖာထေးပြုပြင်
အခု ၀ လုံးတွေ ပြန်ရေးသင်နေတယ်
အဖြူအစိမ်းတို.ရဲ. အဖြူအစိမ်းလေးရေ…
အဲဒီမြေဖြူကိုင်တဲ. လက်ချောင်းတွေနဲ.
ကပေကရေ ကျောက်သင်ပုန်းအိုထက်မှာ
ဟောဒီကောင်.အိပ်မက်ကို
ဝိုင်းဝိုင်းစက်စက် စာလုံးပေါင်းလှည်.ပါတော. …..။
“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 2 )
လဲနေသူငါ.ကို ထူလှည်.ပါ
အ အာ အိ အီ နေ့စွဲတွေကြားမှာ
ခေါင်းလောင်းသံ ခပ်စွာစွာလေးကိုပဲ
တသသ ဆာလောင်နေမိတယ်
တကယ်တော. ရင်ခုန်သံဆိုတာ
သံယောဇဉ်တွေ စာအံနေကြတာပေါ.
၁၅၀၀ နဲ. ၅၂၈ ကြားမှာ
မျက်ဝန်းတစ်စုံစာပဲ ခြားနားပါတယ်
တခြားဘာကိုမှ မတောင်းဆိုပါဘူး
ပေါင်းနှုတ်မြှောက်စားတွေ မပါတဲ.
မသိကိန်းပုစ္ဆာတစ်ပုဒ် အနေနဲ. ဖြစ်ဖြစ်
အမှတ်ပေးစည်းမျဉ်းကို ဂရုမစိုက်တဲ.
အောင်စာရင်းတစ်ရွက်အနေနဲ. ဖြစ်ဖြစ်ပေါ.
ကျေးဇူးပြုပြီး
ငါ.ကို ပြန်မချစ်နိုင်ရင်တောင်မှ
ကျေးဇူးပြုပြီး
ငါ.ကို ပြန်ချစ်ပေးပါ
လူတစ်ယောက် အနာဂတ်ကို ပြဌာန်းဖို.
တစ်ဆိတ်လောက်
ခေါင်း မ ယမ်း ပါ နဲ. တော. ကွယ်...။ ။ ။
မျက်ရည်တွေစိုသွားသော ငါ့အနာဂတ်များအကြောင်း
ငါ မရည်ရွယ်ပဲ မိုးတိမ်တွေ ခွဲသွန်ချလိုက်တဲ့နေ့
အဲ့ဒီစာမျက်နှာမှာ ငါ့မျက်ရည်တွေနဲ့ အက္ခရာတွေသီ ထားတယ်
အလုံပိတ်အခန်းတစ်ခုက တီးတိုးရှိုက်သံတွေဟာ
လူမသိ သူမသိ ပဲ့တင်ထပ်နေတယ်
ငါ နင့်ကို တကယ်ချစ်ခဲ့တာ
ငါ နင့်ကို တကယ်ချစ် တုန်းပဲ
အက်ကွဲနေတဲ့ ငိုသံတစ်ချို့ အတွက်
ငါ့အတိတ်စာမျက်နှာကို
ခဏလောက် ပိတ်ထားချင်တယ်
ငါ့ရင်ခုန်သံတွေ နင်မကြားနိုင်ပေမယ့်
နင့်ရယ်သံတွေ ငါပြန်ကြားရပါလို၏။
ချစ်သူ
နင့်အတွက် ငါငိုနေခဲ့တယ်
နင့်အတွက် ငါငိုနေတုန်းပဲ
နင့်အတွက် ငါ ငိုနေပါ့မယ်
ငါ့မျက်ရည်တွေပေးဆပ်ခဲ့ရတာ
နင့်ရှိုက်သံတွေအတွက် မဟုတ်ပါဘူး
ငါ့ကမ္ဘာကြီး ခြောက်ကပ် လိုက်ရတာကသာ
နင့်ရယ်သံတွေအတွက်ပါ
နင့်အတွက်နဲ့ ငါ့ကဗျာစာရွက်တွေ သွေးစွန်းသွားတယ်
သေချာတာတစ်ခုက
နောင်လာမည့် ရာစုနှစ်တွေတိုင်းမှာ ငါ ငိုနေလိမ့်ဦးမယ်။
ကံကြမ္မာရဲ့ သေသပ် ရက်စက်လိုက်ပုံများ
ငါ့ နင့်ကို တရှိုက်မက်မက်ချစ်ခဲ့မိလေခြင်း
နင်ချိန်ရွယ်ထားတဲ့ မြှားချက်အတွက်
ငါဟာ ပစ်မှတ် အမှတ်စဉ်ဘယ်လောက်များလဲ
သိုးဖြစ်သွားတဲ့ ဝံပုလွေအဖြစ်
နင့်ပစ်ကွင်း အတွက် ငါ့ရင်ဘတ်ကိုခင်းထားပြီးပြီ
လေးကြိုးပေါ်က နင့်လက်ချောင်းလေးတွေကိုသာ
မြန်မြန်လွှတ်လိုက်ပါတော့။
နင်မချိန်ရွယ်ပဲ ပစ်ခဲ့တာလည်း ငါ
နင်ချိန်ရွယ်ပြီး ပစ်ခဲ့တာလည်း ငါ
နောက်ဆုံး ဒဏ်ရာတွေနဲ့လဲပြို
ငါငိုနေတဲ့ အချိန်အထိ နင်ပြုံးနေဦးမယ် မဟုတ်လား
ငါ့ အခါခါ နိမ့်ပေးခဲ့လို့များ
နင် လှံအခါခါ စိုက်ခဲ့လေသလားကွယ်
မျက်ရည်တွေ နင်းလျောက်သွားတဲ့ ငါ့ပါးပြင်အတွက်
နီယွန်မီးတွေနဲ့ ကြိုးခြောက်ချောင်း ဟာ အလိုက်ဖက်ဆုံးပဲ
တစ်နေ့ နင်အဲ့ဒီနေရာကိုရောက်ရင်
ငါ့နင့်ကို သတိရတိုင်း
တောင်းပန်ကြောင်း သူတို့ပြောလိမ့်ဦးမယ်။
ငါမမြင်နိုင်ခဲ့တဲ့ အရာတွေရှိခဲ့မယ်ဆိုရင်
အဲ့ဒါဟာ ငါ့အနာဂတ်တွေပဲဖြစ်လိမ့်မယ်
လူတစ်ယောက်ခဲ့ စိတ်ခံစားမှုဟာ
သူ့အသက်ရပ်တည်မှု နဲ့ ဘယ်လောက်များသက်ဆိုင်နေပါသလဲ
ငါ့ အသက်ရပ်တည်မှုကရော
နင့် ဆုံးဖြတ်ချက်နဲ့ ဘယ်လောက်များသက်ဆိုင်နေပါသလဲ
နင့်အတွက်နဲ့ ငါ့ အနာဂတ်ခရီးမှာ
မျက်ရည်တွေရွှဲနေအောင် စီးသွားတယ်
လေးပစ်သူလည်း ငါ
စေခိုင်း သူလည်းငါ
နောက်ဆုံး
မြှားမှန်တာလည်း ငါပါပဲကွယ်
ခက်တာက ငါ့မျက်ရည်တွေ နင့်အတွက်နဲ့
ချွေးသိပ်မရဘူး
ချွေးသိပ်မရဘူး ချစ်သူ......... ။       ။       ။
အချစ်လား........... come on in
[Hi%20honey,%20I'm%20home.jpg]
ရင်ခုန်စွာနဲ့ စောင့်နေတယ်..
ရောင်နီတွေနဲ့ ..ဌက်ကလေးတွေတေးဆို..
အရှေ့ တံခါးဝဆီက.ခြေသံ
ညင်သာစွာ တံခါးခေါက်..
ချစ်သူ ကျမအိမ်.ရောက်လာမဲ့နေ့ 
ကြားရမဲ့ ခေါ်သံ
Hi! Honey...I'm Home.
သေချာတာက..ကျမ အားရပါးရပြုံးမိမှာ
ချစ်သူ၏ မျက်နှာကလေး..
တကယ်မြင်ရတဲ့အခါ..
( ချစ်သူရဲ့ မျက်နှာပေါ် ယုယစွာ..
လက်ချောင်းများနဲ့ ..ထိတွေ့ စမ်းကြည့်ချင်မိတယ်
ထိခွင့်ပေးပါ ချစ်သူ..)
ကျစ်ကျစ်ပါ လက်မောင်းတွေထဲ..
ရင်ခွင်မှာ ခေါင်းဖွက်
တင်းကြပ်စွာ ကျမ ဖက်ထားမိမလား..
ချစ်သူယူလာတဲ့ နှင်းဆီပွင့်..
ရနံ့ ရှူ နမ်းရှိုက်မိမှာ သေချာတယ်။
"မွှေးလိုက်တာမောင် ကျေးဇူးပါ"
(ချစ်သူပါးကလေးတော့ ဒီနေရာမှာ ဆင်ဆာ)
ချစ်သူ ပြုံးနေမှာဘဲ..
ရင်တွေတုန်..သူလည်း ဆောက်တည်ရာရပါ့မလား..
ရှက်စနိုး..ခေါင်းကြီးငုံ့ နေမှာလား..
ရေအေးအေး.တခွက်.သောက်
အနားယူလိုက်ပါဦးမောင်..
ဒီနောက်..ဒီနောက်..
အနာဂတ်ဆိုတာ..
အဖြေညှိ..ညီမျှခြင်းမသိတဲ့ ဖြေရခက်ပုစ္ဆာ..
ကာရန်ပျောက်..ထောက်နေတဲ့ကဗျာ..
သံစဉ်ပျောက်..ဆွံ့ အနေတဲ့ သီချင်း..
ဘာတွေ..ဆက်ဖြစ်ကြမလည်း..
ဗေဒင်မမေးရဲတဲ့ မေးခွန်းတွေ..
We'll see.
စောင့်ကြည့်ကြသေးတာပေါ့..
ရင်ခုန်သံသာ..သံစဉ်ညှိ..
တခုခုတော့ အဖြေရှိမှာပါ..
ဒို့ တတွေ တွေ့ ကြမဲ့ နေ့ တနေ့ ..
ပြောဖြစ်မှာ အသေချာဆုံး ဒီစကား
“ ချစ်သောမောင်လားဟင်?…၀င်ခဲ့ပါ”
နှလုံးသားအချဉ်ဖတ်
နှလုံးသားအချဉ်ဖတ်
ခပ်ပြင်းပြင်းဝိုင်တစ်ခွက်
အပြုံးမပါတဲ့အနမ်းက
အလွမ်းဝေဒနာတွေဖြစ်စေခဲ့
ပဲ့ကြွေနှလုံးသား
ခပ်ပါးပါးစက်ကူတစ်ချပ်လို
အချစ်ကိုအပေါ့စားတွေး
ငါရေးနေတဲ့ကဗျာ
ခံစားချက်ကောပါသလား
အမှားတွေနဲ့ ပိတ်ဖုံး
မျက်လုံးပေါ်ကရေတစ်ပေါက်
ကုန်းကောက်စရာမလိုပဲ
သူ့ အလိုလိုလျှောကျ
မြေကြီးပေါ်ရောက်မှ
သြော်......ငါ့မျက်ရည်တွေပါလား
လက်ဖွဲ့ ....
ငါရဲ့အားနည်းချက်တွေကို
နင်းခြေလို့အပြီး
ဆင်မြင့်ပေါ်တက်သွားတဲ့
မင်းကို
ငါ လက်ခုပ် တီးပေးနေမှာပါ…..
ပန်းတပွင့်ကို ခူးခြေ
မြေမှာ ဖွခဲ့အပြီး
အပင်သစ်ဆီ ပျံသန်းသွားတဲ့
မင်းကို
ငါ ဆုတောင်းပေးနေမှာပါ…..
ခမ်းနားမှုတွေနဲ့ ကင်းတဲ့
အချစ်စစ်တခုကို
မင်း ဖျက်ဆီးခဲ့အပြီး
နေရပ်သစ်မှာ မင်းပျော်မွေ့ဖို့
မင်းကို
ငါ အားပေးနေမှာပါ…..
အလွမ်းသံသရာတွေကို
ပြက္ခဒိန်မှာ ငါ့အတွက်
လက်ဆောင်ပေးခဲ့အပြီး
မင်္ဂလာဆင်မြင့်ထက် တက်သွားတဲ့
မင်းကို
ငါ့ နှလုံးသားလေး
လက်ဖွဲ့ပေးမှာပါ….။         ။  
အဆုံးသတ်မရှိတဲ့ ကဗျာ
လွမ်းနေရရုံနဲ့ ကျေနပ်တယ်
ကြားနေရုံလေးနဲ့ ရင်ခုန်တယ်
ကမ္ဘာခြားနေပေမယ့်
မင်းရှိနေမှု
အသိလေးနဲ့
ရှင်သန်နိုင်ဖို့ လုံလောက်ခဲ့တယ်၊၊
တကယ်ဆို
ဘာမှ မလိုအပ်ခဲ့ပါဘူး
မင်းကြည်နူးပျော် ရွှင်နေခဲ့ရင်
ဘယ်သူနဲ့ဖြစ်ဖြစ်ပါ
ငါ့နှလုံးသားကို
မင်းပျော်မွေ့ဖို့ လမ်းခင်းလိုက်ပါ့မယ်၊၊
အဖျားတက်နေတဲ့
ငါ့ကဗျာတွေနဲ့
မင်းနားကို ရောက်ဖို့မလွယ်မှန်း
ငါသိပေမယ့်
ငါ မင်းကိုချစ်တယ်၊၊
အကြိမ်ကြိမ်
မင်းရက်စက်နိုင်ပေမယ့်
ဒီလူကြီး စိတ်ပျက်သွားအောင်
မင်းမတတ်နိုင်ခဲ့တာ
ရိုးရိုးသားသားပဲ
ဝန်ခံလိုက်ပါ.........။       ။       ။
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
အဲဒီခိုင်ရွှေဝါလမ်းလေးမှာ..
ပိတောက်တွေရော
မင်းကိုရော
ဝင့်ကြွားစွာ
ငါမြင်တွေ့ပါရစေ….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
ငါချစ်တဲ့သနပ်ခါးတွေ
မင်းပါးပြင်မှာ အမြဲတမ်းရှိစေ…
မင်းအပြုံးဟာ
ဟိုတုန်းကလို တစ်လောကလုံးကို စိုးပိုင်ထားစေ…
မင်းမျက်နှာဟာ
ပြည့်ဝတဲ့လလို
ဝိုင်းစက်စေ….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
မင်းဟာ
မင်းဖခင်ရဲ့လက်ရာအမြောက်ဆုံးပန်းပုရုပ်
မင်းကိုယ်တိုင်ရဲ့ မပြီးဆုံးသေးတဲ့ပန်းချီကား
ပြီးတော့
မင်းညီမတွေရဲ့အခမ်းနားဆုံးမြို့
ငါရဲ့
အသန့်ရှင်းဆုံးသက်ရှိကဗျာ….
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….
၁၃၇၄ကို ပျော်ရွှင်စွာနှုတ်ဆက်နိုင်စေ
ပိတောက်တွေနဲ့အတူ
၁၃၇၅ဟာ
လာခြင်းကောင်းစေ
ငါ့မျက်လုံးတွေ မဆင်းရဲပါရစေနဲ့….၊၊ ၊၊
ချစ်တတ်သူတို့ ရဲ့ နေ့ 
တမ်းတခြင်းလက်တစ်စုံက တီးခုန်ကရင်း
ညဉ်းခြင်းဖွဲ့ ကဗျာတွေ ပြာဖြစ်သွားတဲ့ ည
ရင်ဘတ်ပေါ် ယောင်ယောင်ပြီးစမ်း
မြန်နှုန်းမြှင့်  ရင်ခုန်ခြင်းတွေ စီးမျော
ဒီနေ့ ကဖေဖော်ဝါရီ(၁၄)
ငါ့ အတွက်ပျောက်ရှခဲ့ တဲ့ နေ့ စွဲတစ်ချိုနဲ့ 
ကောက်ရခဲ့ တဲ့  အိမ်မက် တစ်ချို့ တစ်ဝက်
ပြီးတော့ ...
မြေနီလမ်းကိုခွာ
ရာဇ၀င်အရ သုတေသနလုပ်ရင်
ချစ်တတ်သူတို့ ရဲ့ ဂုဏ်ပုဒ်ကိုတွေ့ မယ်
ဘယ်သူငြင်းနိုင်သလဲ
စီးဆင်းခဲ့ တဲ့ ကြေကွဲခြင်း မျက်ရည်တွေအကြောင်း
အချစ်ရဲ့  ဂုဏ်ဒြပ်
ရိုမီယို ဂျူးလိယက်
မင်းနန္ဒာ ရှင်မွှေးလွန်း
ချစ်တတ်ကြတဲ့ သမိုင်းတို့ နဲ့ အတူ
ချစ်တတ်သူတွေရဲ့ အသည်းမှာ
ချစ်တတ်သူတွေရဲ့ သွေးဟာ နီရဲခဲ့ တယ်
အချစ်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်
ဘယ်သူတွေရှိဦးမလဲ
ချစ်ပြီးမုန်းခဲ့ တဲ့ သူတွေ
ချစ်ပြီးမုန်းတာကို
ချစ်ခဲ့ သူက စိမ်းကားတဲ့ အပြုံးနဲ့ 
ပြုံးမှာပဲ...ယုံတယ်
ချစ်သူတွေရဲ့ အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်
ရိုမီယို ဂျူးလိယက်
အချစ်
ဒီနေရာမှာ
ငါတို့ ဟာသူတို့ ကို အကြိမ်ကြိမ်ရေးရွတ်ဖူးတယ်
အချစ်အတွက်စီးဆင်းခဲ့ တဲ့ 
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ ဖြူဖပ်ဖြူရော်တဲ့ မျက်ရည်နဲ့ 
ဘယ်သူမှသတိမထားမိတဲ့ ရှိုက်သံ
အချစ်ရဲ့ ဂုဏ်ဒြပ်တွေကို
ညစ်နွမ်းအောင်ငါမလုပ်ဘူး
ကဗျာတစ်ပုဒ်
ဒီကဗျာတစ်ပုဒ်
အချစ်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ညွှန်းဖို့ ကြိုးစားတဲ့ ကဗျာတစ်ပုဒ်
လက်ခံပါချစ်သူ
အော်ဟစ်ပြီး ငါခေါ်ထားတယ်
ဒီကဗျာဟာငါ့ ကဗျာမဟုတ်ဘူး
ငါငြင်းဆိုပါရစေ
ဖတ်ကြည့် စမ်းပါချစ်တတ်သူတို့ 
စေးပြစ်တဲ့ သွေးစက်တွေ
ဘယ်သူ့ သွေးလဲ....
အချစ်ရဲ့ ပူနွေးတဲ့ သွေးတွေ
မခြောက်သေးတဲ့ သွေးအစက်စက်နဲ့ 
ညွှန်းဖွဲ့ ဂုဏ်ပြုထားတဲ့ 
ချစ်တတ်သူတို့ ရဲ့  ကဗျာပါလား.....။
............................. 
ဆက်ရန်မရှိ
ခမ်းနားကြီးကျယ်မှုတိုင်းမှာ 
အယောင်ဆောင်တွေ ပြည့်နှက် နေတယ်
တကယ်တော့
အဲ့ဒါ အိပ်မက် အသေကြီးတွေပါ
အိမ်မက်ထဲ အိမ်မက်မက်နေတယ်
အိမ်မက်ထဲအိမ်မက်တွေ ၀င်ဝင်ရှုပ်နေတယ်
ကဲ................
ထမင်းလုံးတစ္ဆေတွေ ခဏခဏ အခြောက်ခံခဲ့ရ
အိပ်မက်က အမှန်တရားတွေ ဖြစ်လို
လူ့အဖွဲ့ အစည်းက ဘာလို့ များ
ကမ္ဘာကြီးကို ကြိုးနဲ့ ဆိုင်းထားရတာလဲ....
ကျားကန်ထားတဲ့ ယဉ်ကျေးမှုတွေနဲ့
ဒီကမ္ဘာကြီး ရိုင်းစိုင်းလွန်းခဲ့
ငါ့ စိတ်နဲ့ ငါ့ ကိုယ်ဆို
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်ခဲ့ တာကြာပေါ့
မသိဘူး ငါဘာမှ မသိဘူး
အိပ်မက်တွေ ဘာတွေဖြစ်နေလဲ ငါမသိဘူး
ကမ္ဘာကြီးဘာဖြစ်နေတယ် ဆိုတာ မသိဘူး
ငါ ဆိုတာတောင် ငါမသိတော့ဘူး
မသိနိုင်ခြင်း သိနိုင်ခြင်း အချိုးတွေကို
ညီမျှခြင်းချကြည့် တယ်...
အနှုတ်လက္ခဏာအဆောင်အယောင်တွေအပြွတ်လိုက်
တစ်ထစ်ခြင်း တက်တယ်...
တစ်ဆင့် ခြင်းကြည့် တယ်...
သွေးဆားနေတဲ့  အတ္တသားကောင်းတွေရဲ့ 
ဥပေက္ခာတရားတွေကို
ဘယ်သူတွေ လွန်ဆွဲနေပြန်တာလဲ
ဂျင်းစိမ်းနဲ့  မိတ်သလင်
သူကြင်ရင် ကိယ်ကြင်မယ်တဲ့ 
ကဲ အဲ့ဒါ သိက္ခာတရားတွေ
ချစားနေတဲ့
ကျုပ်တို့ အနာဂါတ်တဲ့ (ဆက်ရန်မရှိတော့ပါဘူး)
......................................
ဒီည 
ကြေကွဲမူ..နိဒါန်း
~~~~ကြေကွဲမူ..နိဒါန်း~~~
နင့်ရဲ့ပိုင်နက် ငါ့မျှော်လင့်ချက်တွေ
ကြယ်မမြင် လပျောက်
မဟူရာအရောင် လွှမ်းထလို့နေတယ်….။
ငါက နင့်အတွက်
အိုအေစစ်မဟုတ်ဘူးပဲထားပါ
ရင်ကွဲနာတချို့အတွက်
သမားကောင်းဖြစ်ခဲ့ဖူးတာ မမေ့ပစ်ပါ့နဲ့….။
(သန်းခေါင်မသိ မိုးသောက်သည်အထိ ဝေဆာဖူးတဲ့ Conversation တွေကို စာနာသောအားဖြ**့ပေါ့….)
နင့်မျက်ရည်တွေ
ငါ့နှလုံးသားကို လာမှန်ပါတယ်
နင့်အရှုံးတွေ နားထောင်ပေးရင်း
ငါ့အချစ်တွေ နင့်ရင်ခွင်မှာ ဆုံးခဲ့တယ်
” ငါ့ရဲ့လမင်း” သီချင်းနဲ့…….
ငါတို့ရဲ့ညတွေ နေ့သို့ပြောင်းခဲ့ဖူးတယ်။
ငါတို့အတိတ်ဟောင်းက
နင့်အတွက် ခယောင်းတော တဲ့လား….?
ဒီလိုတွေးတတ်လာရင်
်နင် ငါ့ရင်ကိုနင်းလျှောက်လို့ ထွက်သွားစမ်းပါ။
ငိုသံနဲ့ရင်းတဲ့ ကတ္တီပါလမ်းတလျှောက်
နင့်ပျော်ရွှင်မှုတွေ တရားဝင်ဖြစ်ဖို့ အရေးကြီးတယ်လေ။
နင့်အကြောင်းကလွဲရင်
ငါ့ကိုယ်ငါတောင် စိတ်ဝင်စားမှုနည်းတတ်တဲ့ငါ….
ပေးဆပ်မှုတွေနဲ့သာ သွေးနွေးစေခဲ့တာပါ
(အင်းပေါ့လေ….. ပျော်တော်ဆက်ဆိုတာ ၀မ်းသာနေချိန် ဘယ် လို အပ် ပါ့ မ လဲ????)
အရံလူဘ၀မှာ ခိုနားချင်မိတဲ့ ငါကိုက “မိန်းမအ” ပါ။
စိမ်းကားမှုတွေ ထင်ရှားလာတိုင်း….
အလွမ်းတွေ မခမ်းသရွေ့….
ငါ ဆက်လက် ကြေကွဲပေးပါ့မယ်။
ငါဟာ နင့်ရဲ့…….
ပုံပြင်တစ်ပုဒ်သာ ဖြစ်ခွင့်ရရင်……
နင့်အတွက် ငါ…..
ခံစားနေရတာ ဂုဏ်ယူပါတယ်။
အချစ်ပဲ ….
ရခဲ့ဖူးသမျှအရာရာကို ကျေနပ် မြတ်နိုး တန်ဖိုးထားတတ်ရမှာပေါ့….။       ။       ။
အချစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်း
တကယ်မချစ်တတ်ခဲ့ရင်တောင်
တကယ်မချစ်ဖြစ်ခဲ့ဖို့ကောင်းခဲ့တာပါ..
မင်းပြောခဲ့သလိုပေါ့
ကောင်းကင် အတုဟာ
အေ၇ာင်အမျိုးမျိုရှိ့်တတ်တယ်လေ
ဒီလိုပါပဲ
အဲဒီ့စကားလုံးက
နှစ်ဆယ့်တစ်ရာစုရဲ့အကောင်းဆုံးပျက်လုံးတစ်ခုဆို
ငါတစ်ခုတစ်လေမေးချင်ပါရဲ့
နင်ဖြေနိုင်မယ်ဆိုရင်လေ
ဘာအတွက်နဲ့ငါ့အိမ်မက်တွေကိုခိုးဝှက်ဖြစ်ခဲ့သလဲ…
ချစ်တယ်ဆိုတဲ့စကား
ငါ့ပါးစပ်က လွယ်လွယ်ထွက်ခဲ့တာတော့မဟုတ်ဘူး
ကျေးဇူးပြု၍
အဲဒီပေါ့ပျက်ပျက်လူတွေကြားငါ့ကို ဆွဲမထည့်ခဲ့ပါနဲ့
ငါဆိုလိုတဲ့ အဓိပ္ပာယ်
ငါလိုချင်တဲ့ ဦးရွယ်ရာမှာ
အချစ်တစ်ခုရဲ့
မြတ်နိုးနှစ်လိုဖွယ်ကောင်းတဲ့
ရိုးသားခြင်းတွေ အကုန်ပါတယ်
မြတ်နိုးရသမျှအပေါ်
ခဏဖြစ်ဖြစ် စကားအဖြစ်နဲ့
နင်သက်နင်းဖြစ်ခဲ့ရင်တောင်
ရင်ဘတ်တစ်ခြမ်းနဲ့ ကိုယ့်လမ်းကိုယ်ဖောက်လို့
နင့်ခြေလှမ်းနဲ့ပဲဆက်လျှောက်ချင်သေးတဲ့ကောင်ပါ…
ငါက…..
ချစ်ခြင်းတစ်ပြေးစာလမ်းမှာ
တစ်ခါတစ်ခါနောက်ကျတတ်ခဲ့ယုံကလွဲလို့
နှလုံးသားတစ်ခုလုံးတော့ခင်းဖြစ်ခဲ့တယ်…
ကောင်မလေးရေ
သံယောဇဉ်တစ်စွန်းတစ်စနဲ့တော့
ငါ့ကောင်းကင်ပေါ်
လတစ်စင်းချိတ်ဆွဲဖြစ်ခဲ့တာမဟုတ်ဘူး
ကြင်နာမိတဲ့ နှလုံးသားတစ်စုံမှာ
ဗဟိုချက်သာမရှိခဲ့ရင်တော့
မြှားချက်ဆိုတာလဲမမှန်နိုင်တော့ဘူးလေ
တကယ်တော့အချစ်ဆိုတာလေ
ဘုရားသခင်မတွေ့ရှိခဲ့တဲ့အရောင်တဲ့
ဒါဆို…….
ငါကတော့နင်မတွေ့ရှိခဲ့တဲ့ အရောင်တစ်မျိုးပေါ့နော်…
မကြာခဏအခွံလဲတတ်တဲ့
အဲဒီ့…
အရောင်စုံနဂ္ဂတစ်တွေကြား
ငါကိုယ်တိုင်က နေသားမကျတတ်ခဲ့တာ
အပြစ်တစ်ခုလို့ဆိုချင်ဆိုပါတော့
ငါကတော့
အချစ်တစ်ခုထက်ကိုပိုမမှန်းတတ်ခဲ့ဘူး…
မျှော်လင့်ရသမျှသာ
နာကျင်ရမယ်ဆိုရင်
ငါခံစားရသမျှဘာနဲ့မှနှိုင်းလို့ရမှာမဟုတ်ဘူး…
မုန်းတော့လဲမုန်းချင်ပါဘူးကွယ်
မေ့လို့လဲမရနိုင်တော့
ရင်ခုန်သံတွေပြောကြသလိုပဲ
မရိုးသားခြင်းတွေနဲ့ဆိတ်ဆိတ်သာနေလိုက်မယ်
ဖြစ်နိုင်မယ်ဆိုရင်လေ
ငါတို့တွေ ချစ်ခြင်းရဲ့
ဖြူစင်သန့်ရှင်းတဲ့မျဉ်းကွေးတစ်ခုမှာ ဆုံကြရအောင်…… ။      ။      ။
မမျှော်လင့်ခြင်ဘူး
               မမျှော်လင့်ခြင်ဘူး
းးးးးးးးးးးးးးးးးးးးးးးးးး
တချိန်ကအကြောင်တွေလဲ
မစဉ်းစားချင်ဘူး..
ပြန်ရောင်ကာလဲမတွေး ခြင်ဘူး...
မျှော်လင့်ချက်တွေလဲ..
မထားခြင်ဘူး..
ရင်ကိုရစ်ပတ်နေတဲ့
နွယ်ကြီုးတွေလဲမရှီခြင်ဘူး..
တချိန်ကချစ်ခဲ့တဲ့ချစ်ခြင် တွေက..
မင်းအပေါ်မှာဖြူစင်းဆုံးဘဲ
မင်းစွန့်ပစ်သွားတဲ့..
အမိုက်စ လေက
မင်းကိုဘဲမျှော်လင့်နေမိတာ...
ဘာကိုမှမမျှော်လင့်ခြင်ပါဘူး...
မင်းကိုချစ်တဲ့အချစ်တွေဘဲ
မျှော်နေမိသူပါ..
တိုက်တခုလိုသာရွေ့ လျှနေရင်...
အဝေးကချစ်သူရသူတယောက်
တော့လွင့်သွားခြင်ပါတယ်
ချစ်သူရယ်
Saturday 7 September 2013
ရင်ထဲကဆန္ဒ
မျက်နှာပေါ်မှာ
အပြုံးတွေပျောက်ဆုံးနေတာ
ဝမ်းနည်းလို့မဟုတ်ပါဘူး..
မင်းငါ့အနားမှာမရှိတော့လို့ပါ...။
   . . .   
ထာဝရဖြစ်စေ
မိုးနဲ့ မြေကိုသက်သေထားလို့ 
မင်းအတွက်သစ္စာဆိုပါရစေ
ငါအသက်ရှုသံတွေရပ်တန့် ရင်တောင်
ငါ့နှလုံးသားမှာမင်းတစ်ယောက်သာ
ထာဝရဖြစ်စေ.......။
   . . .   
တမ်းတခွင့်
ဘ၀ မှာ နှစ်ခါပြန် မရနိုင်တဲ့ အထဲမှာ တမ်းတခြင်းလည်း တစ်ခုအပါအ၀င်ပါ..........ခုချိန်ပြန်လည်တမ်းတမိနေတဲ့ အရာ တစ် ခု ရှိပါတယ်........တမ်းတရင် နဲ့ လွမ်းဆွတ်နေမိတယ်ဆို
ပိုမှန်ပါလိမ့်မယ်.....အဲဒါကတော့ april 11 ရက် နဲ့  nov 7 နေ့ တွေ ပါပဲ မနှစ်ကပေါ့.....
   . . .   
ဒါဟာအချစ်လား..
နွေးထွေးတဲ့မင်းရဲ့ လက်ကလေးကို
အမြတ်တနိုးပိုက်ထွေးလို့ 
ယုယခဲ့တာ
ဒါဟာအချစ်လား..............?
   . . .   
Monday 2 September 2013
အလွမ်းများဖြင့် လင်းလက်ခဲ့သော ညနေ
သူ့အပြုံးတွေ အိပ်တန်းဝင်ချိန်တိုင်းမှာ
အလွမ်းစို့စို့နဲ့ ရင်ဟာ တောက်ပ
ဘယ်ဘ၀မှာမဆို ဖြစ်မယ် ...
လွမ်းမောခြင်းများတော့ စီးဆင်းပါရစေ ...
ချန်နေခဲ့သူအတွက် လက်တပြမျှ မရနိုင်ရင်
. . . စစ်တုရင်ရုပ်လို မယှဉ်ပြိုင်လိုပါ
. . . စစ်တုရင်ရုပ်လို မယှဉ်ပြိုင်ဝံ့ပါ
ခိုလှုံစရာ ရင်ခွင်မှာ လေငြိမ်ပါစေ
မှိုင်းမှုန်ရီဝေရင်းသာ လင်းပ နေခဲ့မယ် ...
မြတ်နိုးရာကြယ်တစ်ပွင့်
'မင်းလမ်း'ဆီ ရွက်လွှင့်နိုင်စေဖို့
. . . ငါ ချို့တဲ့ခဲ့ ညနေခင်းတွေရယ် . .
မင်းအတွက်ဆိုရင်
ချစ်သူရယ် ... ငါလေ နင့်ကို
ဘယ်တုန်းကမှ တကွက်ချန် မချစ်ခဲ့ဖူးပါဘူး ...
နောင်တချိန် လမ်းခွဲချင် ခွဲရမယ်ဆိုတဲ့ တွက်ကိန်းနဲ့လဲ
လျှော့ပေါ့ပြီး မချစ်ခဲ့ပါဘူး ....
ငါလေ ငါ့ကိုယ်ငါထက် နင် ပျော်ဖို့အတွက် အမြဲပေးဆပ်နေခဲ့တာပါ
အဲ့ဒါတွေကြောင့်မို့လည်း ခု နင် ထွက်သွားတဲ့အခါ
ငါ အရမ်းနာကျင်တာပေါ့ ချစ်သူရယ် .....
Tuesday 27 August 2013
ဖြူစင်လွန်းတဲ့ နှင်းပန်းလေး
ကြားလေသွေးလို့....
ဆွေးရတော့မှာလား...
ကောင်မလေးရယ်....။
စဉ်းစား..ပေး..ဖို့တောင်...လျှစ်လှူရှုတယ်..။
ဒီမှာ...ခံစားနေသူတစ်ယောက်ရဲ့
ဝေဒနာ..မီးခဲတစ်စ.က.
ကိုယ့်ရင်ကို...လှေဦးနဲ့...ထိုးခွဲနေသလိုပဲ
ကောင်မလေးရယ်...။
....နှင်းပန်း..လေး..တစ်ပွင့်လို..
ဖြူစင်....လွန်းသူ....ဆိုလည်းမ
`` ဖြူစင်လွန်းတဲ့ နှင်းပန်းလေး ´´
ကြားလေသွေးလို့....
ဆွေးရတော့မှာလား...
ကောင်မလေးရယ်....။
စဉ်းစား..ပေး..ဖို့တောင်...လျှစ်လှူရှုတယ်..။
ဒီမှာ...ခံစားနေသူတစ်ယောက်ရဲ့
ဝေဒနာ..မီးခဲတစ်စ.က.
ကိုယ့်ရင်ကို...လှေဦးနဲ့...ထိုးခွဲနေသလိုပဲ
ကောင်မလေးရယ်...။
....နှင်းပန်း..လေး..တစ်ပွင့်လို..
ဖြူစင်....လွန်းသူ....ဆိုလည်းမမှားဘူး..။
နင့်..မျက်ဝန်းလေးတွေက...
ကိုယ့်အတွက် ဖြူစင်နေတာကိုက...
မေ့မရတဲ့...အရောင်မရှိတဲ့ပန်းလေးပေါ့။
ရနံ့မွေး..တဲ့...
အလှတစ်ခုကို..ပိုင်ဆိုင်ထားသူမို့
ကိုယ့်..မြတ်နိုးတဲ့..လွန်းတဲ့
.ပန်းဝတ်ရည်ဖြူဖြူလေးပေါ့။
( ဆောင်း တစ် ရာ မင်း ) 
5;36 pm / 27.8.2013ကြားလေသွေးလို့....
ဆွေးရတော့မှာလား...
ကောင်မလေးရယ်....။
စဉ်းစား..ပေး..ဖို့တောင်...လျှစ်လှူရှုတယ်..။
ဒီမှာ...ခံစားနေသူတစ်ယောက်ရဲ့
ဝေဒနာ..မီးခဲတစ်စ.က.
ကိုယ့်ရင်ကို...လှေဦးနဲ့...ထိုးခွဲနေသလိုပဲ
ကောင်မလေးရယ်...။
....နှင်းပန်း..လေး..တစ်ပွင့်လို..
ဖြူစင်....လွန်းသူ....ဆိုလည်းမမှားဘူး..။
နင့်..မျက်ဝန်းလေးတွေက...
ကိုယ့်အတွက် ဖြူစင်နေတာကိုက...
မေ့မရတဲ့...အရောင်မရှိတဲ့ပန်းလေးပေါ့။
ရနံ့မွေး..တဲ့...
အလှတစ်ခုကို..ပိုင်ဆိုင်ထားသူမို့
ကိုယ့်..မြတ်နိုးတဲ့..လွန်းတဲ့
.ပန်းဝတ်ရည်ဖြူဖြူလေးေ
5;36 pm / 27.8.2013
ှားဘူး..။
နင့်..မျက်ဝန်းလေးတွေက...
ကိုယ့်အတွက် ဖြူစင်နေတာကိုက...
မေ့မရတဲ့...အရောင်မရှိတဲ့ပန်းလေးပေါ့။
ရနံ့မွေး..တဲ့...
အလှတစ်ခုကို..ပိုင်ဆိုင်ထားသူမို့
ကိုယ့်..မြတ်နိုးတဲ့..လွန်းတဲ့
.ပန်းဝတ်ရည်ဖြူဖြူလေးပေါ့။
Saturday 24 August 2013
ကောင်မလေးအတွက်
ကောင်မလေးရေ. . . . .
ချစ်ခြင်းမေတ္တာဆိုတာကိုယ်ပေးနိုင်သလောက်သာ ကိုယ်ပြန်ရခဲ့မယ်ဆိုရင်
ဒီရင်နှင့်မဆံ့ ကမ္ဘာမြေအနှံ့သင်းပျံ့နေပါလိမ့်မယ် တစ်နွယ်ငင် တစ်ပင်တည်းပိုးလို့
တစ်ပွင့်တည်းပွင့်တတ်တဲ့ပန်းတစ်မီူးမှာ ဘာအရောင်ဆိုးဆေးတွေမှမရှိပဲ ပကတိ
ဖြူစင်တဲ့မေတ္တာနဲ့ချစ်ခဲ့ရတာပါကောင်မလေးရယ်. အလွမ်းတွေကြောင့်တောက်လောင်
နေတတ်တဲ့မီးလျှံတွေလည်း ဘယ်အခြေအနေမှာငြိမ်းသက်နိုင်ပါ့မလဲကောင်မလေးရယ်. . .
နှင်းတွေဝေနေတတ်တဲ့ နံနက်ခင်းတိုင်းမှာအလိုက်သိ စီးဆင်းနေတတ်တဲ့ နင့်ရဲ့
ပုံရိပ်တွေရယ် ပြီးတော့ တွေဝေမှုတွေနဲ့ ပိာုး. . . .
Saturday 11 May 2013
၂၀၁၃ ကျင့်ရန်
ကိုယ်ဟာမျက်နှာသစ်တယ်
ဒါပေမဲ့
နွမ်းနေတဲ့စိတ်တွေ
မသစ်နိုင်ရင်အလကားပဲ
ကိုယ်ဟာ
နေ့တိုင်းသွားတိုက်တယ်
ဒါပေမဲ့
အကျင့်စာရိတ္တကို
မတိုက်ချွတ်နိုင်ရင်
အလကားပဲ
သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်
မိမိကိုယ်မိမိ လေးစားမှ လူအများက ကိုယ့်ကို လေးစားပါလိမ့်မယ်။ အပေါစားအင်္ကျီသုံးထည် ဝယ်မယ့်အစား အကောင်း
စားအင်္ကျီတစ်ထည်ပဲ ဝယ် ဝတ်ပါ။ မိမိကိုယ်မိမိ ယုံကြည်မှုကို မိမိဘာသာပဲတည်ဆောက်ရပါတယ်။ သူများက ကိုယ့်ကို
လာပေးလို့ မရပါဘူး။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ နေတတ်အောင် ကြိုးစားပါ။ ရှုပ်ပွညစ်ပတ်နေတဲ့အိမ်အကြီးကြီးနဲ့
နေတာထက် သန့်ရှင်းသပ်ရပ်တဲ့ အခန်းနဲ့နေတာက ပိုပြီး မိမိကိုယ်မိမိယုံကြည်မှုဖြစ်စေပါတယ်။ကျွန်တော့်မှာတစ်ထောင်
တန် တစ်ရွက်ပဲ ရှိတယ်။ကျွန်တော့်အိမ်ကို ဘယ်လို အလှဆင်ရမလဲလို့ မေးလာရင် 
အရှင်ဆန္ဒာဓိကရဲ့  ဆုံးမစာလေးပါ
ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာ  သူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာ  သူ့အလုပ်  သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာ သူ့အလုပ်၊  မချစ်မိအောင်  သည်းခံတာ ကိုယ့်တာဝန်၊
မုန်းစရာကောင်းတာ သူ့အလုပ်၊  မမုန်းမိအောင် သည်းခံတာ ကိုယ့်တာဝန်။
စိတ် မပူလောင်ချင်ရင် ဘယ်သူ့ကိုမှ  မချစ်ပါနဲ့၊
စိတ် မဆင်းရဲချင်ရင်   ဘယ်သူ့ကိုမှ  မမုန်းပါနဲ့။
ငါဖြစ်စေချင်တဲ့ သူ
ရှုံးနိမ့်ချိန်မှာ မာနမကျိုးတဲ့ သူ။
* ရှုံးနိမ့်တဲ့အခါမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့သူ။
* အောင်ပွဲခံချိန်မှာ မ၀င့်ဝါဘဲ သိမ်မွေ့ယဉ်ကျေးတဲ့သူ။
* အောင်မြင်တဲ့အခါမှာလည်း ရှုံးနိမ့်သူတွေအပေါ် ကရုဏာထားရဲတဲ့စိတ်ဓာတ်ရှိတဲ့သူ။
ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း (မှတ်သားစ၇ာပါ...........)
အခုခေတ်လူငယ်တွေသိထားသင့်ထင်လို့အခုလိုမျိုးမျှဝေလိုက်တာပါ ဒါလေးလဲမှတ်ထားသင့်တယ်
့ထင်ပါတယ်........
(၁)     မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)     သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)     လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။
(၄)     ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
Saturday 16 February 2013
ကောင်မလေး ဖတ်ဖို့
(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။
(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။
ကောင်ကလေး ဖတ်ဖို့
(၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။
မစောင့်နဲ့
(၁) အချစ်ကိုလိုမှ ပေးဆပ်ရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ စောင့်စားခြင်းကြားကနေ အလှအပတွေနဲ့ လွဲချော်ခဲ့ရတယ်။ အဲဒီသီချင်းစာသားထဲကလိုပဲ ပျော်ရွှင်ခြင်းတွေ ကိုယ့်အနားရှိနေချိန် ပေးဆပ်သင့်ရင် ပေးဆပ်ပါ။ ကိုယ့်အပါးကနေ အဝေးကို ချစ်သူထွက်သွားမှ ပေးဆပ်ရကောင်းမှန်း သိတာမျိုး မဖြစ်စေနဲ့။ ဒါဟာ သင့်ကို နောင်တနဲ့ ပူဆွေးဝမ်းနည်းခြင်းတွေပဲ ရစေလိမ့်မယ်။
Friday 15 February 2013
သားချစ်အတွက် ပေးစာ
သားအသက် အခုမှ(၃)နှစ်ပဲရှိသေးတော့ သားစာမဖတ်တတ်သေးဘူး။ ဒီစာထဲမှာ သားကိုဖေဖေပြောပြချင်တဲ့ အကြောင်းအရာတွေကို သားပိုလို့နားလည်သေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သားရင်ဆိုင်ကြုံတွေ့လာရမယ့်ဘဝနဲ့ ဖေဖေရဲ့ဘဝအခြေအနေ၊ ဖေဖေသင်ခဲ့တာတွေ ဒါတွေကို ဖေဖေအချိန်ယူပြီး တွေးတောခဲ့တယ်။ သားရင်ဆိုင်ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖခင်တစ်ဦးဖြစ်တဲ့ ဖေဖေ့မှာ တာဝန်ရှိတယ်လို့ ဖေဖေထင်တယ်။
ဖန်ခွက်နှင့် ပြဿနာ
စာသင်ခန်း တစ်ခုထဲကို ဆရာဝင်လာပါတယ်။ ယင်းနောက် ကျောင်းသား များ ရှေ့မှာ ဖန်ခွက်ထဲ ရေဖြည်လို့ ကိုင်မြောက်ပြီး ယခုလို စကားဆိုပါတယ်။
Thursday 14 February 2013
ကျွန်တော်တို့ဟာ မျောက်တွေလိုပဲလား
ဟိုးအရင်တုန်းက မျောက်တွေကို ဖမ်းတဲ့နည်းတစ်နည်းရှိခဲ့တယ် ။ အဲဒီနည်းကို လည်း အိန္ဒိယနိုင်ငံရဲ့ တချို့ဒေ သတွေမှာ ယနေ့ထက်တိုင်အသုံးပြုနေဆဲပါပဲ ။ မျောက်တွေကိုဖမ်းဖို့ အရင်ဆုံး လေးထောင့် သစ်သား ပုံလေးတစ်ပုံးလိုပါတယ် ။ အဲဒီသစ်သားပုံ မှာ မျောက်ရဲ့လက် ၀င်နိုင်လောက်အောင်အနေတော် အပေါက်လေး တစ်ပေါက်ဖောက်ထားရမယ် ။ သစ်သားပုံးထဲမှာတော့ မျောက်တွေအရမ်းကြိုက်တဲ့ ငှက်ပျောသီး တချို့ထည့် ထားတယ် ။
အနှောင့်အယှက်ကို အပြုံးတစ်ပွင့်ပေးပါ
မနေ့ကရဲ့အဖြစ်အပျက်တွေကို ထမ်းပိုးရင်း၊ ခုနှစ်တွေကို နင်းဖြတ်လျှောက်ရင်း အရပ်ရှစ်မျက်နှာမှာ ကျွန်တော်တို့ ကျင်လည်ကျက်စားခဲ့ကြတယ်။ ကွေ့ကွေ့ကောက်ကောက် လမ်းပေါ်မှာ မိုးသက်လေပြင်းဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ မညီမညာလမ်းပေါ်မှာ ခလုတ်ဆူးညှောင့် ထိခဲ့ရတယ်။ ဘဝက ဒီလိုပါပဲ.... နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ တချို့စိန်ခေါ်၊ စမ်းသပ်မှုတွေက ကျွန်တော်တို့အတွက် ဖြေရှင်းကခက်တဲ့ နာကျင်မှုတွေဖြစ်ခဲ့တယ်၊ မရေမတွက်နိုင်တဲ့ အတားအဆီးတွေဖြစ်ခဲ့တယ်။
ဆောင်းဦးလေပြေတွေများလား
ဆောင်းဦးလေပြေတွေများလား
သူမဆံနွယ်တွေကိုဆော့ကစားနေတာ
တချို့ တ၀က် ဝေ့တက်လာတာကိုမြင်ရတယ်...
ကျွှန်တော့လက်တွေး ကမ်းလင့်မိတော့မလိုပဲ
ခမ်နားစွာနဲ ချစ်မိသွားတယ်။
သံသယအကြည့်နဲ့ မကြည့်ပါနဲ့
သံသယအကြည့်နဲ့ မကြည့်ပါနဲ့
တို့နှစ်ယောက်ကြား
သွေးရပ်တန့်အေးခဲစေမှာမို့
ပျက်စီးမဲ့ အကြံစိတ်ကြမ်း
မင်း စွန့်လွှတ်လိုက်စမ်းပါ .....
Wednesday 13 February 2013
တစ်ယောက်ထဲ
နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ပါတယ်
အခုတော့.....
မိုးရေထဲမှာ ငါတစ်ယောက်ထဲ(တည်း)
Thursday 7 February 2013
အတိတ်သစ်ပင်
နက်နက်ရှိုင်းရှိုင်း ရင်ဘတ်တစ်နေရာမှာ
အတိတ်သစ်ပင်လေးတစ်ပင်ရှိတယ်
အတိတ်သစ်ပင်မှာ ခံစားချက်အသီးအပွင့်တွေ ဖူးပွင့်တယ်
အမှတ်တရဆိုတဲ့အသီးကို ခူးရင်
အလွမ်းအသီးက လိုက်ကြွေကျတယ်
ကြင်နာခြင်းအသီးကိုခူးရင်
နာကျင်ကြေကွဲခြင်းအသီးက လိုက်ကြွေကျတယ်
အချစ်အသီးကိုခူးရင်
လှည့်ဖြားဟန်ဆောင်ခြင်းက လိုက်ကြွေကျတယ်
ချစ်ခြင်းအစဖြစ်တည်မူ
တိတ်တခိုးရင်မှာတွယ်လေတဲ့ .........
   . . .   
တစ်ခုပဲမေးချင်တယ်
   . . .   
မရိုးသားတဲ့
နင့်လုပ်ရပ်
သိသော်ငြား
မစွန်.လွှတ်နိုင်
ဘာကြောင့်လဲ
နင်လှလို.လား
လက်တွဲခွင့် ရှိစေချင်
ဘ၀ရဲ့ ခပ်ပြင်းပြင်းရိုက်ခတ်မှုတွေကြား
မောင်ဟာ ကျမအတွက်တော့
အားဆေးလေးတခွက်ဖြစ်ခဲ့တယ်
   . . .   
မောင်
မဆုံနိုင်မှန်း သိရက်နဲ့
အချစ်တွေကို တခမ်းတနား ဖွင့်ပြခဲ့မိတာ
ကျမ မှားသလားဟင်...
နွေရာသီ ရောက်မှာကို သိပေမဲ့
ဥသြငှက်ကလေးရဲ့ ချိုမြိန်တဲ့ အသံကြား
ပူလောင်ခြင်းတွေ
ဖြေဖျောက်ချင်မိတယ်လေ...
ဘ၀ရဲ့ ခပ်ပြင်းပြင်းရိုက်ခတ်မှုတွေကြား
မောင်ဟာ ကျမအတွက်တော့
အားဆေးလေးတခွက်ဖြစ်ခဲ့တယ်....
အဆုံးသတ်တနေ့
မျော်တွေးပြီး စိတ်ကို
အမှောင်မချထားချင်ဘူးမောင်..
အမှောင်ကမ္ဘာရဲ့ လမ်း
မီးအိမ်ကလေး မကုန်ခမ်းသရွေ့တော့
ကျမတို့ ရဲရဲကြီး ပျော်လိုက်ကြရအောင်နော်..
မနက်ဖန်ဆိုတာကို
တွေးကြောက်နေတာမျိုး
မောင်နဲ့ကျမအတွက် မရှိစေချင်ဘူး...
ခုလက်ရှိအချိန်တွေဟာ
ကျမနဲ့ မောင်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့
ပျော်ရွင်ခြင်းနေ့ရက်တွေပေါ့မောင်...
မောင်လဲ မသိနိုင်သလို
ကျမလဲ မတားနိုင်တဲ့
ခွဲခွာခြင်းနေ့ရက်တွေ မရောက်မီ
ဘယ်တော့မှ မပျက်ပြယ်သော ချစ်ခြင်းမျိုးနဲ့
ကျမ မောင့်လက်ကို တွဲထားပါရစေ မောင်...
တာရာ
တချို့တချို့သူတွေများ
နှစ်ကိုယ်တူ တွဲ ချင်တာတောင်မှ
အခြေအနေတွေ မပေးခဲ့ကြတာ
မင်းမြင်မှာပါ တာရာရယ်..
   . . .   
ပေးဆပ်မှု
မင်းဘက်က မကြည်နူးပေမယ့်
ငါ့ဘက်က ရည်စူးခဲ့ပါတယ်
မင်းရယ်မြူးအောင်လို.
ငါ့အနမ်းတွေခြွေခူးပေးခဲ့တယ်လေ....
မင်းဘက်က ပြတ်သားပေမယ့်
ငါ့ဘက်က အမှတ်မထားခဲ့ပါဘူး
မင်းဆက်သွားလို.ရအောင်
ငါ့ဘ၀ကို လောင်းကြေးထပ် ခင်းထားပေးခဲ့တယ်လေ...
မင်းဘက်က အပျော်တွဲခဲ့ပေမယ့်
ငါ့ဘက်က အဖော်မဲ့ခဲ့ပါပြီ
မင်းစော်လဲလို.ရအောင်
ငါ့ဘ၀ကအတော်ကွဲကြေခဲ့ရတယ်လေ.....
ဆုံနိုင်ခွင့် မျှော်လင့်
တွေ့လိမ့်နိုးနိုး
ငါ့နေ့ရက်တွေ
နင့်ကိုရှာရင်းနဲ့ပဲ
ချစ်သူ.............
ချစ်သူ.............
မင်းခိုဝင်နားခဲ့တဲ့ငါရဲ့ ညာဘက်ရင်အုံ
အခုချိန်ထိမင်းကိုယ်ငွေ့ နဲ့ 
နွေးထွေးနေဆဲပါ။
ချစ်သူ......
အကြံပြုမယ်
Blog Archiveနောက်ဆုံးတင်သမျှ