p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday 20 November 2012

ချစ်သူ..........

ငါ့ဘေးမှာအသာရပ်လို့ 
ငါခံစားနေမျှော်လင့်နေမိပါတယ်..
မင်းဆီကအကြင်နာတရားတစ်စုံပေါ့
လမ်းလျှောက်ရင်းငါမောပန်းနေခဲ့တယ်။
ခိုနားချင်ခဲ့မိတယ်..မင်းရဲ့ ရင်ခွင်အစုံမှာ
ဒါပေမယ့်မဖြစ်နိုင်ခဲ့ပါဘူး။
ငါတို့ ကတစ်ယောက်တစ်နေရာမှာလေ။
လေလှိုင်းထဲကအားပေးနှစ်သိမ့်သံ
ငါမနက်ဖြန်လျှောက်လှမ်းဖို့ 
အားသစ်တစ်ခုပေါ့။
ဆုပ်ကိုင်ချင်မိတယ်...မင်းရဲ့ လက်တစ်စုံကို
အားကိုးတကြီးပေါ့
ဘ၀မှာခက်ခဲလွန်းလို့ အားငယ်နေမိတယ်
တစ်ယောက်ထဲလမ်းလျှောက်ရင်းစိုးရွံ့ လာလို့ 
မင်းရဲ့ လက်တစ်စုံကိုတမ်းတမိတာပါ။
မျှော်လင့်နေခဲ့မိတယ်.....
မင်းနှုတ်ခမ်းကလျှံကျလာမယ့်အားပေးစကားတွေ
ငါ့လေအရမ်းအားငယ်နေတယ်။
ချစ်သူ..........
ငါ့ဘေးမှာအသာရပ်လို့ 
ငါခံစားနေရတဲ့ဒုက္ခတွေ
ဖြေရှင်းနိုင်ဖို့ အတွက်
ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော် ရတဲ့ဒုက္ခတွေ
ဖြေရှင်းနိုင်ဖို့ အတွက်
ငါ့ဘေးနားမှာရပ်တည်ပေးပါ..နော်

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ