p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

မေ့ဖို့ကြိုးစားနေပေမယ့်

မေ့ဖို့ကြိုးစားနေပေမယ့်
အိပ်မက်တွေကိုတော့ မတားနိုင်ခဲ့ဘူး
မင်းအကြည့်တစ်ချက်တည်းနဲ့
ငါ...မျက်ရည်ဝဲတတ်ခဲ့တဲ့သူပါ

ဟန်ဆောင်စိမ်းကားနေရတာ
ငါ့မှာလည်း သေလုမျောပါးပါပဲ
မင်းအရိပ်မြင်ရုံနဲ့
ငါ...ရင်ခုန်တတ်ခဲ့တဲ့သူပါ

နီးခွင့်မရှိမှတော့
အဆုံးအစမရှိ ဝေးကြပါစေတော့
တစ်သက်စာနောင်တတွေကို
မင်းဘေးက အချိန်တခဏနဲ့
ငါ...မလဲချင်တော့လို့ပါ

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ