p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 11 May 2013

ငါဖြစ်စေချင်တဲ့ သူ

ရှုံးနိမ့်ချိန်မှာ မာနမကျိုးတဲ့ သူ။
* ရှုံးနိမ့်တဲ့အခါမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့သူ။
* အောင်ပွဲခံချိန်မှာ မ၀င့်ဝါဘဲ သိမ်မွေ့ယဉ်ကျေးတဲ့သူ။
* အောင်မြင်တဲ့အခါမှာလည်း ရှုံးနိမ့်သူတွေအပေါ် ကရုဏာထားရဲတဲ့စိတ်ဓာတ်ရှိတဲ့သူ။

* ပြိုလဲကျဆုံးသွားသူတွေကို သနှားကြင်နာတတ်တဲ့သူ။
* ပန်းခင်းလမ်းတွေ့ရင်လည်းရင်ကော့ခေါင်းမော့ပြီး လမ်းလျှောက်တတ်သလို ဆူးခင်းလမ်းတွေ့ရင်လည်း ကိုယ့်ဆူးကိုယ်ထွင်
  ကိုယ့်လမ်းကိုယ်ဖောက်လို့ ပန်းတိုင်အထိအရောက်သွားနိုင်တဲ့သူ။
* လဲပြိုချိန်မှာ စိတ်သတ္တိနဲ့ သူများအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထနိုင်တဲ့သူ။
* အိပ်မက်ကြီးကြီးတွေမက်ပြီး အဲဒိ အိပ်မက်တွေကို မဖြစ်ဖြစ်အောင် ကြိုးစားပြီး ဖန်တီးနိုင်တဲ့သူ။
* ရယ်မောခြင်းဖြင့် ဘ၀ကိုတည်ဆောက်ပြီး ငိုစရာတွေ့တဲ့အခါမှာလည်း ရယ်မောစရာတွေကို ရှာဖွေတတ်သူ။
* အမှန်တရားကို စောင့်ရှောက်ရဲတဲ့ သတ္တိရှိတဲ့သူ။
* အနိုင်ကျင့်တတ်တဲ့ ၀န်းကျင်မှာ အရှုံးမပေးဘဲ သည်းခံစိတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့သူ။
* မတရားမှုကို စိန်ခေါ်ရဲတဲ့သူ။
*ခွင့်လွှတ်ရဲတဲ့ သတ္တိရှိသူ။
* စာတော်ပြီး အတ္တမကြီးတဲ့သူ။
*စာမတော်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ကြိုးစားတဲ့သူ။
* မှားရင်လည်း အမှားကို တောင်းပန်ရဲတဲ့သူ။
* အမှားတွေကို သင်ခန်းစာယူပြီး အမှန်ကိုပြုပြင်ရဲတဲ့သူ။
* စာများများဖက်ပြီး သဘာဝတရားကြီးကို ဖက်စာအဖြစ် သဘောထားတဲ့သူ။
* မိဘကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်တဲ့သူ။
* ကိုယ်ကျိုးအတွက် မရည်ရွယ်ဘဲ အများကောင်းစားရေးကို ရည်ရွယ်ကြိုးစားတဲ့သူ။
     အဲဒိလိုလူမျိုးတွေဖြစ်စေချင်တယ် ။ ဒီအထဲက တစ်ခုခုကိုလိုက်နာနိုင်ရင်ဘဲ ဘ၀မှာနေပျော်တဲ့သူဖြစ်လာမှာပါ။

No comments:

Post a Comment

အကြံပြုမယ်