အလင်းတန်းလေးတွေ ကွယ်ပျောက်
အမှောင်ထု ကြီးစိုးနေတဲ့ မောင့်ဘဝ
မေတ္တာတရားတွေ ဖွေရှာမရခဲ့
ဆုံးရှုံးမှုတွေ ထွေးပိုက်ထားတဲ့ မောင်က
အချိန်နှင့် အမျှပြောင်းလဲတက်တဲ့
လူ့စိတ် သဘာဝကိုဆန့်ကျင်ခဲ့ရ
ငရဲဘုံ တစ်ခုလိုပူ သံရည်ပူလို ဆူလောင်နေတဲ့
မောင့် နှလုံးသားကို
ဟန်ဆောင် အပြုံးတွေနဲ့ နေသားကျ အောင် ကြိုးစားရင်း
ပျော်ရွှင်ကြည်နူး သာယာလှတဲ့ မေ့အပြုံး
စွဲမက်ရင်ခုန်ခဲ့တဲ့ မေ့ စကားသံလေးတွေနဲ့
မောင့်နှလုံးသားကို
အလွမ်းနွံတွေထဲမှာ နစ်မြုတ်စေခဲ့
အခုတော့
မနက်ဖြန်တွေက အဓိပ္ပယ်မဲ့
မျှော်လင့်ချက်တွေက လေပြေအဝှေ့မှာ
လွင့်ပျာယ်ပျောက်ခဲ့
ခံစားချက်တွေက ကဗျာစာသားတွေ အဖြစ်
ပြောင်းလဲ ခဲ့တယ်မေရယ်....
No comments:
Post a Comment