ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ စောင့်စားခြင်းကြားကနေ အလှအပတွေနဲ့ လွဲချော်ခဲ့ရတယ်။ အဲဒီသီချင်းစာသားထဲကလိုပဲ ပျော်ရွှင်ခြင်းတွေ ကိုယ့်အနားရှိနေချိန် ပေးဆပ်သင့်ရင် ပေးဆပ်ပါ။ ကိုယ့်အပါးကနေ အဝေးကို ချစ်သူထွက်သွားမှ ပေးဆပ်ရကောင်းမှန်း သိတာမျိုး မဖြစ်စေနဲ့။ ဒါဟာ သင့်ကို နောင်တနဲ့ ပူဆွေးဝမ်းနည်းခြင်းတွေပဲ ရစေလိမ့်မယ်။
(၂) အထီးကျန်မှ သူငယ်ချင်းတွေကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
သူငယ်ချင်းဆိုတာ ဘာလဲ? တကယ့်သူငယ်ချင်းဆိုတာ သင့်ကို ဘယ်တော့မှ ပစ်မထားတတ်သူဖြစ်တယ်။ လောကမှာ စိတ်တူကိုယ်တူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ရာ ခဲယှဉ်းတယ်။ အထီးကျန်ချိန်၊ သောကရောက်ချိန် သူငယ်ချင်းဟာ သင့်အတွက် သစ္စာရှိတဲ့နားထောင်သူဖြစ်တယ်။ သင့်အတွက် ဖေးမကူညီသူဖြစ်တယ်။ သင့်ရင်ဖွင့်သံကို မငြီးမတွားနားထောင်ပေးတယ်။ သူတို့ဆီမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့ နှလုံးသားတစ်စုံရှိတယ်။
(၃) အလုပ်အကိုင်ရှိမှ ကြိုးစားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
လူတချို့က ကိုယ့်စိတ်နဲ့ ထပ်တူကျမယ့် အလုပ်ကိုပဲ စောင့်မျှော်နေတတ်တယ်။ ဆံဖြူတဲ့အချိန်ထိ ခေါင်းမာမာနဲ့ စောင့်တတ်တယ်။ တကယ်တော့ လောကမှာရှိတဲ့ အရာရာတိုင်းဟာ ထူးဆန်းအံ့သြစရာတွေပါ။ သင်သာ ကြိုးစားလိုစိတ်ရှိရင် သင့်စိတ်နဲ့ ထပ်တူကျတဲ့ အလုပ်တွေ နေရာတိုင်းမှာ ရှိနေပါတယ်။
(၄) ကျရှုံးမှ သူတစ်ပါးရဲ့ အသိပေးစကားကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
အသိပေးစကားတွေက နားမခံသာပေမယ့် အကျိုးရှိတယ်။ ဆေးခါးတွေက အဝင်ခက်ပေမယ့် ရောဂါပျောက်တယ်။ မုသားစကားကို လူတိုင်းနှစ်သက်တတ်တယ်။ မုသားစကားတွေက ချိုလို့ဖြစ်တယ်။ အသိပေးစကားကို ကျရှုံးချိန်မှ သတိရတာဟာ အရာအားလုံး မီးခိုးလို ပျောက်ကွယ်သွားတာနဲ့ အတူတူဖြစ်တယ်။
(၅) ဖျားနာမှ အသက်တစ်ချောင်းဟာ ကျိုးပဲ့လွယ်တယ်လို့ အသိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
အသက်က ကျိုးပဲ့လွယ်တယ်။ ပုရွက်ဆိတ်တစ်ကောင်ဟာ သင့်ခြေဖဝါးအောက်မှာ သေဆုံးနိုင်တယ်။ ဒါကို သင်သတိထားမိချင်မှ ထားမိမယ်။ ဖျားနာချိန်၊ အသည်းအသန်ဖြစ်ချိန်ရောက်မှ အသက်ကို တန်ဖိုးထားရကောင်းမှန်း သိတာမျိုး မဖြစ်စေနဲ့။
(၆) ခွဲခွါမှ ချစ်ခင်ရင်းနှီးမှုကို တန်ဖိုးထားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
ဘာဖြစ်လို့ ခွဲခွါပြီးတဲ့နောက်မှ အတူနေတဲ့အချိန်ကို တန်ဖိုးထားရကောင်းမှန်း သိရတာလဲ? သည်းခံတဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာဟာ သူတစ်ပါးကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာဖြစ်သလို ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာလည်းဖြစ်တယ်။
(၇) သူတစ်ပါးချီးကျူးမှ ကိုယ့်ကိုယ်ကိုယုံကြည်ရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
လူတိုင်းမှာ ကောင်းကွက်နဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ရှိပြီးသားပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာ အောင်မြင်ခြင်းရဲ့သော့ဖြစ်တယ်။ သူတစ်ပါးဆီက ချီးကျူးသံကြားမှ ကိုယ့်ကိုယ်ကို ယုံကြည်ရကောင်းမှန်းသိတာမျိုး မဖြစ်စေနဲ့။ ဘဝဆိုတာ လည်ပတ်မနေဘူး။ တစ်ကြိမ်တစ်ခါပဲ ရှိတယ်။
(၈) သူတစ်ပါးညွန်ပြမှ ကိုယ့်အမှားကို ဝန်ခံရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
အမှားကို သတ္တိရှိရှိဝန်ခံတာဟာ သူတစ်ပါးရဲ့အကဲ့ရဲ့ကို မခံရတဲ့အပြင် သူတစ်ပါးရဲ့လေးစားတာကို ခံရတတ်တယ်။ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ တချို့က သူတို့ရဲ့အမှားကို ဖုံးကွယ်ထားတတ်ပြီး တချို့က သတ္တိရှိရှိ ဝန်ခံတတ်တာလေးပါပဲ။
(၉) ချမ်းသာကြွယ်ဝမှ သူတစ်ပါးကိုကူညီရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
သူတစ်ပါးကို ကူညီတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ ချမ်းသာမှ သူတစ်ပါးကို ကူညီမယ်ဆိုတာမျိုး မဖြစ်စေနဲ့။ ချမ်းသာကြွယ်ဝမှ ပေးကမ်းရက်ရောတာမျိုးကို လူတိုင်းလက်ခံချင်မှ လက်ခံလိမ့်မယ်။
(၁ဝ) သေဆုံးခါနီးမှ ဘဝကိုချစ်ရ၊ တန်ဖိုးထားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့
ဘဝဆိုတာ ထူးဆန်းအံ့သြတာတွေနဲ့ အမြဲပြည့်နေတယ်။ ဘဝဟာ မြစ်တစ်စင်းနဲ့တူတယ်။ အမြဲစီးဆင်းနေတယ်။ နာခြင်း၊ အိုခြင်းက ဘဝကို မပြောင်းလဲသွားဘူး။ ဘဝကိုချစ်တာဟာ ကိုယ့်ကိုယ်ကိုချစ်တာနဲ့ တူတယ်။ ကျေနပ်လက်သင့်ခံနိုင်တဲ့ အဆုံးသတ်တစ်ခု ဘဝမှာရှိသင့်တယ်။
http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20081004/20219.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment