p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

( မသိခြင်း )

( မသိခြင်း )

ငါ့အတွေးမှာ နင်ရှိပေမယ့်....

နင့်အတွေးမှာ ငါမရှိဘူးနော်???

ငါ့မနက်ဖြန်မှာ နင်ရှိပေမယ့်.....

နင့်မနက်ဖြန်မှာ ငါရှိပါ့မလား???

ငါ့အိမ်မက်ကို နင်ပိုင်ဆိုင်ပေမယ့်....

နင့်အိမ်မက်ကို ငါမပိုင်ဆိုင်ပါလား???

နင့်ရင်ထဲမှာ... ငါရှိအောင်ဖန်ဆင်းလို့မရသလို....

ငါ့ရင်ထဲမှာလဲ နင့်မရှိအောင်ဖန်တီးလို့မရပါဘူး....

အကြင်နာတွေပေးတိုင်း အကြင်နာတွေရမယ်ထင်နေတာ....

ငါ့အတွက်ဆို နာကျင်စရာတွေပဲရှိနေတာပဲ...

နင့်အလွမ်းပေးလဲ ငါပန်းကလေးလိုနမ်းရှိုက်ချင်သေးတာ...

နင်မချစ်တော့လဲ ငါချစ်မိနေသေးတာ.....

မုသားမှန်းသိပေမယ့် ယုံချင်နေသေးတာ.....

ဘာပဲဖြစ်ဖြစ် ချစ်မိနေသေးတာဟာ....

ရူးမိုက်ခြင်းလား စွန့်လွတ်ခြင်းလား.....


ငါလဲ..... မသိတော့ပါလား....???

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ