p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 7 September 2013

ရင်ထဲကဆန္ဒ


မျက်နှာပေါ်မှာ
အပြုံးတွေပျောက်ဆုံးနေတာ
ဝမ်းနည်းလို့မဟုတ်ပါဘူး..
မင်းငါ့အနားမှာမရှိတော့လို့ပါ...။
   . . .   


မျက်ဝန်းထဲမှာ
မျက်ရည်တွေရှိနေတာ
ငိုနေလို့မဟုတ်ပါဘူး...
ရင်ထဲမှာပူလောင်လွန်းလို့
မျက်ဝန်းမှတစ်ဆင့်
ချွေးထွက်နေတာပါ...။

မျက်နှာပေါ်မှာ
အပြုံးတွေပျောက်ဆုံးနေတာ
ဝမ်းနည်းလို့မဟုတ်ပါဘူး..
မင်းငါ့အနားမှာမရှိတော့လို့ပါ...။

ချစ်သူ....
ပြင်းထန်တဲ့အမုန်းလက်နက်တွေနဲ့များ
ငါ့မျက်ဝန်းမှာ
စမ်းချောင်းတွေတူးဖော်ခဲ့လေသလား...?

ခါးသီးတဲ့ရက်စက်ခြင်းတွေကများ
ငါ့အပြုံးတွေကို
သေဆုံးစေခဲ့တာလား.....?

မျက်ဝန်းထဲက
အရည်ကြည်တွေပျောက်ဆုံးပြီး
မျက်နှာပေါ်ကအပြုံးတွေ
ရှင်သန်လာစေဖို့
နွေးထွေးတဲ့မေတ္တာတွေနဲ့
မင်းငါ့အနားကိုပြန်လာခဲ့ပါချစ်သူ....။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ