p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 7 September 2013

တမ်းတခွင့်


ဘ၀ မှာ နှစ်ခါပြန် မရနိုင်တဲ့ အထဲမှာ တမ်းတခြင်းလည်း တစ်ခုအပါအ၀င်ပါ..........ခုချိန်ပြန်လည်တမ်းတမိနေတဲ့ အရာ တစ် ခု ရှိပါတယ်........တမ်းတရင် နဲ့ လွမ်းဆွတ်နေမိတယ်ဆို
ပိုမှန်ပါလိမ့်မယ်.....အဲဒါကတော့ april 11 ရက် နဲ့  nov 7 နေ့ တွေ ပါပဲ မနှစ်ကပေါ့.....
   . . .   


ချစ်သူရယ် ....ငါတို နှစ်ယောက်အတူ ပုံရိပ်တစ်ခုကိုအတူရေးခြစ်ခဲ့ကြတယ်နော်.....
မနှစ်ကဒီလိုအချိန်လေး လောက်မှာ အစပျိုးစုတ်ချက်တွေ နဲ့  ကောက်ကြောင်းစဆွဲ ထားတယ်.....
မိုးပြာရောင် တိမ်တိုက် အောက် မှာ စိတ်ကူးလေးတွေ သစ်လွင်တောက်ပရင်း နဲ့  ခံစားချက်တွေ မပီဝိုး
တစ်ဝါးကနေ သရုပ်ပေါ်လွင်ပီပြင်လာခဲ့ တယ်.......
အိပ်မက်တွေက ချိုလွင်လှသလို ငါ့ရင်ထဲက ထွက်လာတဲ့  ပဲ့တင်သံတွေ အထပ်ထပ်နဲ့ 
မင်း လေးဟာ ငါ့ရင်ထဲ မှာ စိုးမိုးလွန်းလှပါတယ်....နတ်သမီးရယ်.........online ဆိုတဲ့ နေရာလေးမှာ
တွေ့ ကြရပေမယ့် ....မင်း က ငါ့ အတွက် အလင်းရောင် ပေးစွမ်း နိုင်ခဲ့ သူ ....ငါ့မျှော်လင့်ချက်တွေ ကို
နိုးထစေခဲ့ သူ ..........မင်းအကြင်နာတွေ နဲ့  ငါဟာ ရှင်သန်နေခဲ့ရသူပါ........မင်းစကားသံလေးတွေကြား
ငါဟာ ငိုရယ်မဲ့ပြုံး ခံစားချက်အစုံနဲ့ အတူတူ ...နားလည်မှု တစ် ခု ရလာခဲ့ တယ်.......သိပ်ကိုသေချာလွန်းတဲ့ ခံစားချက်တစ်ခုရယ်ပါ.....မင်း နဲ့ စကားပြော ရချိန်တွေလောက် ငါ့ ဘ၀ မှာ
သာယာခဲ့တာမရှိခဲ့ပါဘူး....ဘာလို့ လဲဆိုတော့ ငါဟာ အဖော်မဲ့သူရယ်ပါ....
ဒါပေမယ့် အခုချိန် ငါဆိုတဲ့ ပန်းချီကားကိုပြန်ကြည့်လိုက်မိတယ်.....
သေချာတယ်...........အရမ်းကိုလှပလွန်းပြီး.....ခမ်းနားလိုက်တာ.......ငါမြင်ဖူးသမျှထဲမှာပေါ့.....
အဲဒီပန်းချီကားထဲ နတ်သမီးလေးတစ်ပါးလည်းပါတယ်.........အနာဂတ်ကိုကိုယ်စားပြုတဲ့ သက်တံ့ကြီး
ကလည်းရောင်စဉ်တွေ ဖြာလို့ ......လမ်းကလေးကလည်း ဖြောင့်လို့ ............ငှက်ကလေးတွေ ကလည်း တေး သီလို့ ...............ချစ်သူရေ........ငါမင်းကိုအရမ်းလွမ်းတယ်ကွာ.......
ကိုယ်နဲ့ မင်းနဲ့ လည်းအဲလို ပန်းချီကားတစ်ချပ်လောက် ဆွဲကြရအောင်.......
သစ္စာ စုတ်ချက်တွေန့ဲချစ်ခြင်းမေတ္တာတွေ အပေါ်ခြယ်သရင်း.......
အနာဂတ်ဘ၀ တစ် ခု ကိုလှလှပပခြယ်မှုန်းကြရအောင်

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ