p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 7 September 2013

ဒါဟာအချစ်လား..

နွေးထွေးတဲ့မင်းရဲ့ လက်ကလေးကို
အမြတ်တနိုးပိုက်ထွေးလို့ 
ယုယခဲ့တာ
ဒါဟာအချစ်လား..............?
   . . .   

မျက်ဝန်းခြင်းဆုံတဲ့အခိုက်အတန့် 
ငါ့ရင်ခုန်သံတွေထိန်းချုပ်လို့ မရဘဲ
မင်းအကြည့်တစ်ချက်အောက်
တိမ်းညွတ်သွားခဲ့တာ
ဒါဟာအချစ်လား..............?
ပြောဆိုဆက်ဆံတဲ့မင်းရဲ့ ပုံဟန်တွေ
ငေးကာကြည့်ရင်းတုန်လှုပ်လာတဲ့
နှလုံးခုန်သံစည်းချက်တွေနဲ့ အတူ
မင်းပေါ်ရူးသွပ်ခဲ့မိတာ
ဒါဟာအချစ်လား..............?
မင်းရဲ့ စကားသံတွေကြား
ရင်ခုန်လှုပ်ရှားလို့ 
အတွေးထဲမှာအမြဲတမ်းပဲမင်း
စိုးမိုးနေခဲ့မိတာ
ဒါဟာအချစ်လား..............?
နွေးထွေးတဲ့မင်းရဲ့ လက်ကလေးကို
အမြတ်တနိုးပိုက်ထွေးလို့ 
ယုယခဲ့တာ
ဒါဟာအချစ်လား..............?
ကိုယ်တိုင်မသိတဲ့definationတစ်ခုနဲ့ 
မင်းပေါ်ချစ်ခဲ့မိတာကကော
ဒါဟာအချစ်လား..............?

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ