p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 8 September 2013

ဆက်ရန်မရှိ

ခမ်းနားကြီးကျယ်မှုတိုင်းမှာ 
အယောင်ဆောင်တွေ ပြည့်နှက် နေတယ်
တကယ်တော့
အဲ့ဒါ အိပ်မက် အသေကြီးတွေပါ
အိမ်မက်ထဲ အိမ်မက်မက်နေတယ်
အိမ်မက်ထဲအိမ်မက်တွေ ၀င်ဝင်ရှုပ်နေတယ်
ကဲ................
ထမင်းလုံးတစ္ဆေတွေ ခဏခဏ အခြောက်ခံခဲ့ရ
အိပ်မက်က အမှန်တရားတွေ ဖြစ်လို
လူ့အဖွဲ့ အစည်းက ဘာလို့ များ
ကမ္ဘာကြီးကို ကြိုးနဲ့ ဆိုင်းထားရတာလဲ....
ကျားကန်ထားတဲ့ ယဉ်ကျေးမှုတွေနဲ့
ဒီကမ္ဘာကြီး ရိုင်းစိုင်းလွန်းခဲ့
ငါ့ စိတ်နဲ့ ငါ့ ကိုယ်ဆို
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်ခဲ့ တာကြာပေါ့
မသိဘူး ငါဘာမှ မသိဘူး
အိပ်မက်တွေ ဘာတွေဖြစ်နေလဲ ငါမသိဘူး
ကမ္ဘာကြီးဘာဖြစ်နေတယ် ဆိုတာ မသိဘူး
ငါ ဆိုတာတောင် ငါမသိတော့ဘူး
မသိနိုင်ခြင်း သိနိုင်ခြင်း အချိုးတွေကို
ညီမျှခြင်းချကြည့် တယ်...
အနှုတ်လက္ခဏာအဆောင်အယောင်တွေအပြွတ်လိုက်
တစ်ထစ်ခြင်း တက်တယ်...
တစ်ဆင့် ခြင်းကြည့် တယ်...
သွေးဆားနေတဲ့  အတ္တသားကောင်းတွေရဲ့ 
ဥပေက္ခာတရားတွေကို
ဘယ်သူတွေ လွန်ဆွဲနေပြန်တာလဲ
ဂျင်းစိမ်းနဲ့  မိတ်သလင်
သူကြင်ရင် ကိယ်ကြင်မယ်တဲ့ 
ကဲ အဲ့ဒါ သိက္ခာတရားတွေ
ချစားနေတဲ့
ကျုပ်တို့ အနာဂါတ်တဲ့ (ဆက်ရန်မရှိတော့ပါဘူး)
......................................
ဒီည 

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ