အလွမ်းစို့စို့နဲ့ ရင်ဟာ တောက်ပ
ဘယ်ဘ၀မှာမဆို ဖြစ်မယ် ...
လွမ်းမောခြင်းများတော့ စီးဆင်းပါရစေ ...
ချန်နေခဲ့သူအတွက် လက်တပြမျှ မရနိုင်ရင်
. . . စစ်တုရင်ရုပ်လို မယှဉ်ပြိုင်လိုပါ
. . . စစ်တုရင်ရုပ်လို မယှဉ်ပြိုင်ဝံ့ပါ
ခိုလှုံစရာ ရင်ခွင်မှာ လေငြိမ်ပါစေ
မှိုင်းမှုန်ရီဝေရင်းသာ လင်းပ နေခဲ့မယ် ...
မြတ်နိုးရာကြယ်တစ်ပွင့်
'မင်းလမ်း'ဆီ ရွက်လွှင့်နိုင်စေဖို့
. . . ငါ ချို့တဲ့ခဲ့ ညနေခင်းတွေရယ် . .

No comments:
Post a Comment