p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 8 September 2013

ချစ်တတ်သူတို့ ရဲ့ နေ့ 

တမ်းတခြင်းလက်တစ်စုံက တီးခုန်ကရင်း
ညဉ်းခြင်းဖွဲ့ ကဗျာတွေ ပြာဖြစ်သွားတဲ့ ည
ရင်ဘတ်ပေါ် ယောင်ယောင်ပြီးစမ်း
မြန်နှုန်းမြှင့်  ရင်ခုန်ခြင်းတွေ စီးမျော
ဒီနေ့ ကဖေဖော်ဝါရီ(၁၄)
ငါ့ အတွက်ပျောက်ရှခဲ့ တဲ့ နေ့ စွဲတစ်ချိုနဲ့ 
ကောက်ရခဲ့ တဲ့  အိမ်မက် တစ်ချို့ တစ်ဝက်
ပြီးတော့ ...
မြေနီလမ်းကိုခွာ
ရာဇ၀င်အရ သုတေသနလုပ်ရင်
ချစ်တတ်သူတို့ ရဲ့ ဂုဏ်ပုဒ်ကိုတွေ့ မယ်
ဘယ်သူငြင်းနိုင်သလဲ
စီးဆင်းခဲ့ တဲ့ ကြေကွဲခြင်း မျက်ရည်တွေအကြောင်း
အချစ်ရဲ့  ဂုဏ်ဒြပ်
ရိုမီယို ဂျူးလိယက်
မင်းနန္ဒာ ရှင်မွှေးလွန်း
ချစ်တတ်ကြတဲ့ သမိုင်းတို့ နဲ့ အတူ
ချစ်တတ်သူတွေရဲ့ အသည်းမှာ
ချစ်တတ်သူတွေရဲ့ သွေးဟာ နီရဲခဲ့ တယ်
အချစ်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်
ဘယ်သူတွေရှိဦးမလဲ
ချစ်ပြီးမုန်းခဲ့ တဲ့ သူတွေ
ချစ်ပြီးမုန်းတာကို
ချစ်ခဲ့ သူက စိမ်းကားတဲ့ အပြုံးနဲ့ 
ပြုံးမှာပဲ...ယုံတယ်
ချစ်သူတွေရဲ့ အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်
ရိုမီယို ဂျူးလိယက်
အချစ်
ဒီနေရာမှာ
ငါတို့ ဟာသူတို့ ကို အကြိမ်ကြိမ်ရေးရွတ်ဖူးတယ်
အချစ်အတွက်စီးဆင်းခဲ့ တဲ့ 
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ ဖြူဖပ်ဖြူရော်တဲ့ မျက်ရည်နဲ့ 
ဘယ်သူမှသတိမထားမိတဲ့ ရှိုက်သံ
အချစ်ရဲ့ ဂုဏ်ဒြပ်တွေကို
ညစ်နွမ်းအောင်ငါမလုပ်ဘူး
ကဗျာတစ်ပုဒ်
ဒီကဗျာတစ်ပုဒ်
အချစ်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ညွှန်းဖို့ ကြိုးစားတဲ့ ကဗျာတစ်ပုဒ်
လက်ခံပါချစ်သူ
အော်ဟစ်ပြီး ငါခေါ်ထားတယ်
ဒီကဗျာဟာငါ့ ကဗျာမဟုတ်ဘူး
ငါငြင်းဆိုပါရစေ
ဖတ်ကြည့် စမ်းပါချစ်တတ်သူတို့ 
စေးပြစ်တဲ့ သွေးစက်တွေ
ဘယ်သူ့ သွေးလဲ....
အချစ်ရဲ့ ပူနွေးတဲ့ သွေးတွေ
မခြောက်သေးတဲ့ သွေးအစက်စက်နဲ့ 
ညွှန်းဖွဲ့ ဂုဏ်ပြုထားတဲ့ 
ချစ်တတ်သူတို့ ရဲ့  ကဗျာပါလား.....။
............................. 

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ