p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 8 September 2013

လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 1 ) ( 2 )


“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 1 )

မင်္ဂလာပါ ငွေသော်တာရောင်ခြည်လေးရေ …
မင်းဘက်က ကြိမ်လုံးသာ မကိုင်ဘူးဆိုရင်
ကိုယ် သိုးငယ်လေးတစ်ကောင်လို ရိုကျိုးခယ
မင်းရဲ. ထာဝရကျောင်းသား ဖြစ်ပါရစေ

အရာရာချို.ငဲ.ခဲ.သူ တစ်ယောက်အနေနဲ.
မင်နီတွေ နောက်တစ်ခေါက် မကြုံချင်တဲ. အဖြစ်မျိုး
ရိုးရှင်းတဲ. ရည်ရွယ်ချက် နွမ်းလျလျ
ဆရာမလေးရေ ….
နားလည်ပေးပါ

သံတူကြောင်းကွဲ အမှားသစ်တွေ
ဘယ်တော.မှ ထပ်မဖြစ်ရအောင်
သုညက စပြီး ဖာထေးပြုပြင်
အခု ၀ လုံးတွေ ပြန်ရေးသင်နေတယ်

အဖြူအစိမ်းတို.ရဲ. အဖြူအစိမ်းလေးရေ…
အဲဒီမြေဖြူကိုင်တဲ. လက်ချောင်းတွေနဲ.
ကပေကရေ ကျောက်သင်ပုန်းအိုထက်မှာ
ဟောဒီကောင်.အိပ်မက်ကို
ဝိုင်းဝိုင်းစက်စက် စာလုံးပေါင်းလှည်.ပါတော. …..။


“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ” ( 2 )

လဲနေသူငါ.ကို ထူလှည်.ပါ
အ အာ အိ အီ နေ့စွဲတွေကြားမှာ
ခေါင်းလောင်းသံ ခပ်စွာစွာလေးကိုပဲ
တသသ ဆာလောင်နေမိတယ်
တကယ်တော. ရင်ခုန်သံဆိုတာ
သံယောဇဉ်တွေ စာအံနေကြတာပေါ.
၁၅၀၀ နဲ. ၅၂၈ ကြားမှာ
မျက်ဝန်းတစ်စုံစာပဲ ခြားနားပါတယ်
တခြားဘာကိုမှ မတောင်းဆိုပါဘူး
ပေါင်းနှုတ်မြှောက်စားတွေ မပါတဲ.
မသိကိန်းပုစ္ဆာတစ်ပုဒ် အနေနဲ. ဖြစ်ဖြစ်
အမှတ်ပေးစည်းမျဉ်းကို ဂရုမစိုက်တဲ.
အောင်စာရင်းတစ်ရွက်အနေနဲ. ဖြစ်ဖြစ်ပေါ.
ကျေးဇူးပြုပြီး
ငါ.ကို ပြန်မချစ်နိုင်ရင်တောင်မှ
ကျေးဇူးပြုပြီး
ငါ.ကို ပြန်ချစ်ပေးပါ
လူတစ်ယောက် အနာဂတ်ကို ပြဌာန်းဖို.
တစ်ဆိတ်လောက်
ခေါင်း မ ယမ်း ပါ နဲ. တော. ကွယ်...။ ။ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ