p
ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Sunday 8 September 2013
နှလုံးသားအချဉ်ဖတ်
နှလုံးသားအချဉ်ဖတ်
ခပ်ပြင်းပြင်းဝိုင်တစ်ခွက်
အပြုံးမပါတဲ့အနမ်းက
အလွမ်းဝေဒနာတွေဖြစ်စေခဲ့
ပဲ့ကြွေနှလုံးသား
ခပ်ပါးပါးစက်ကူတစ်ချပ်လို
အချစ်ကိုအပေါ့စားတွေး
ငါရေးနေတဲ့ကဗျာ
ခံစားချက်ကောပါသလား
အမှားတွေနဲ့ ပိတ်ဖုံး
မျက်လုံးပေါ်ကရေတစ်ပေါက်
ကုန်းကောက်စရာမလိုပဲ
သူ့ အလိုလိုလျှောကျ
မြေကြီးပေါ်ရောက်မှ
သြော်......ငါ့မျက်ရည်တွေပါလား
No comments:
Post a Comment
အကြံပြုမယ်
Blog Archiveနောက်ဆုံးတင်သမျှ