p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 9 September 2013

နှောင်းမျက်ရည်


ကိုယ်တို့ ယောကျာင်္းလေးတွေလာ
ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစဇာတ်ညွန်းကို
ပုံဖော်ရေးသားခဲ့ပေမယ့်.......................
   . . .    

ချစ်သူ................
ကိုယ်တို့ ယောကျာင်္းလေးတွေလာ
ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစဇာတ်ညွန်းကို
ပုံဖော်ရေးသားခဲ့ပေမယ့်
အဆုံးသတ်ကိုတော့ မင်းရေးခဲ့တဲ့အတိုင်း
ဇာတ်ကောင်အဖြစ်ကပြခဲ့ရတာပါ။
ချစ်သူ........
မင်းကြောင့်ကွဲကြေနေတဲ့အသည်းတစ်ခုဟာ
ဒဏ်ရာဒဏ်ချင်တွေမကျက်နိုင်သေးပါဘူး။
မင်းအကြောင်းတွေးမိလို့ 
အိပ်ရေးပျက်ခဲ့ရတဲ့ညတွေ
ကျဆင်းခဲ့ရတဲ့မျက်ရည်စက်တွေ
ဖြေမဆည်နိုင်တဲ့စိတ်ဓာတ်တွေကို
မင်းကလှောင်ပြုံးပြုံးပြီး မသိချင်ယောင်ဆောင်ခဲ့တယ်။
ချစ်သူ..............
မင်းတန်ဖိုးမထားတော့လို့ 
စွန့် ပစ်လိုက်တဲ့အမှိုက်တစ်စ
မင်းဂရုမစိုက်တော့ဘဲ
နင်းချေဖြစ်ခဲ့တဲ့ ပေါက်ပန်းပွင့်နဲ့ တူတဲ့
ကျွန်တော်ဆိုတဲ့ကောင်လေးတစ်ယောက်ကို
အမြတ်တနိုးယုယလို့ 
ရင်ခွင်မှာသိမ်းထားတဲ့သူရှိရင်
ချစ်သူ.........
အိပ်ရာထက်မှာ နှောင်းမျက်ရည် မကျကြေးနော်...........။
    

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ