p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 8 September 2013

အချစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်း

တကယ်မချစ်တတ်ခဲ့ရင်တောင်
တကယ်မချစ်ဖြစ်ခဲ့ဖို့ကောင်းခဲ့တာပါ..
မင်းပြောခဲ့သလိုပေါ့
ကောင်းကင် အတုဟာ
အေ၇ာင်အမျိုးမျိုရှိ့်တတ်တယ်လေ
ဒီလိုပါပဲ
အဲဒီ့စကားလုံးက
နှစ်ဆယ့်တစ်ရာစုရဲ့အကောင်းဆုံးပျက်လုံးတစ်ခုဆို
ငါတစ်ခုတစ်လေမေးချင်ပါရဲ့
နင်ဖြေနိုင်မယ်ဆိုရင်လေ
ဘာအတွက်နဲ့ငါ့အိမ်မက်တွေကိုခိုးဝှက်ဖြစ်ခဲ့သလဲ…
ချစ်တယ်ဆိုတဲ့စကား
ငါ့ပါးစပ်က လွယ်လွယ်ထွက်ခဲ့တာတော့မဟုတ်ဘူး
ကျေးဇူးပြု၍
အဲဒီပေါ့ပျက်ပျက်လူတွေကြားငါ့ကို ဆွဲမထည့်ခဲ့ပါနဲ့
ငါဆိုလိုတဲ့ အဓိပ္ပာယ်
ငါလိုချင်တဲ့ ဦးရွယ်ရာမှာ
အချစ်တစ်ခုရဲ့
မြတ်နိုးနှစ်လိုဖွယ်ကောင်းတဲ့
ရိုးသားခြင်းတွေ အကုန်ပါတယ်
မြတ်နိုးရသမျှအပေါ်
ခဏဖြစ်ဖြစ် စကားအဖြစ်နဲ့
နင်သက်နင်းဖြစ်ခဲ့ရင်တောင်
ရင်ဘတ်တစ်ခြမ်းနဲ့ ကိုယ့်လမ်းကိုယ်ဖောက်လို့
နင့်ခြေလှမ်းနဲ့ပဲဆက်လျှောက်ချင်သေးတဲ့ကောင်ပါ…
ငါက…..
ချစ်ခြင်းတစ်ပြေးစာလမ်းမှာ
တစ်ခါတစ်ခါနောက်ကျတတ်ခဲ့ယုံကလွဲလို့
နှလုံးသားတစ်ခုလုံးတော့ခင်းဖြစ်ခဲ့တယ်…
ကောင်မလေးရေ
သံယောဇဉ်တစ်စွန်းတစ်စနဲ့တော့
ငါ့ကောင်းကင်ပေါ်
လတစ်စင်းချိတ်ဆွဲဖြစ်ခဲ့တာမဟုတ်ဘူး
ကြင်နာမိတဲ့ နှလုံးသားတစ်စုံမှာ
ဗဟိုချက်သာမရှိခဲ့ရင်တော့
မြှားချက်ဆိုတာလဲမမှန်နိုင်တော့ဘူးလေ
တကယ်တော့အချစ်ဆိုတာလေ
ဘုရားသခင်မတွေ့ရှိခဲ့တဲ့အရောင်တဲ့
ဒါဆို…….
ငါကတော့နင်မတွေ့ရှိခဲ့တဲ့ အရောင်တစ်မျိုးပေါ့နော်…
မကြာခဏအခွံလဲတတ်တဲ့
အဲဒီ့…
အရောင်စုံနဂ္ဂတစ်တွေကြား
ငါကိုယ်တိုင်က နေသားမကျတတ်ခဲ့တာ
အပြစ်တစ်ခုလို့ဆိုချင်ဆိုပါတော့
ငါကတော့
အချစ်တစ်ခုထက်ကိုပိုမမှန်းတတ်ခဲ့ဘူး…
မျှော်လင့်ရသမျှသာ
နာကျင်ရမယ်ဆိုရင်
ငါခံစားရသမျှဘာနဲ့မှနှိုင်းလို့ရမှာမဟုတ်ဘူး…
မုန်းတော့လဲမုန်းချင်ပါဘူးကွယ်
မေ့လို့လဲမရနိုင်တော့
ရင်ခုန်သံတွေပြောကြသလိုပဲ
မရိုးသားခြင်းတွေနဲ့ဆိတ်ဆိတ်သာနေလိုက်မယ်
ဖြစ်နိုင်မယ်ဆိုရင်လေ
ငါတို့တွေ ချစ်ခြင်းရဲ့
ဖြူစင်သန့်ရှင်းတဲ့မျဉ်းကွေးတစ်ခုမှာ ဆုံကြရအောင်…… ။      ။      ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ