p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 7 February 2013

ချစ်သူ.............


ချစ်သူ.............
မင်းခိုဝင်နားခဲ့တဲ့ငါရဲ့ ညာဘက်ရင်အုံ
အခုချိန်ထိမင်းကိုယ်ငွေ့ နဲ့ 
နွေးထွေးနေဆဲပါ။
ချစ်သူ......

အလွမ်းတွေနဲ့ ပုံမှန်အဖျားတက်နေတဲ့
ငါ့ရင်ခွင်ကိုပိုလွမ်းတတ်အောင်
လက်အုပ်ပြီးပြုံးသွားတဲ့မင်းအပြုဲံးက
တိတ်တခိုးလေးပြုစားသွားခဲ့တယ်
ချစ်သူ...............
ဆီမီးရောင်စုံတွေနဲ့ လပြည့်ညမှာ
လမ်းတိုင်းလမ်းတိုင်းလှနေပေမယ့်
မင်းပုံရိပ်ကသူတို့ ထက်ပိုလှနေခဲ့တယ်။
ချစ်သူ..........
ငါနဲ့ ခွဲနေရတဲ့နေ့ ရက်တွေမှာ
ငါတစ်ယောက်ကအလွမ်းတွေ
ရင်ဘတ်မှာပြည့်သိပ်နေပေမယ့်
မင်းတစ်ယောက်ကတော့
ငါ့ကိုမေ့ပြီးဘော်ဒါတွေနဲ့ ပျော်နေသလား။
ချစ်သူ..............
.ဆုံနိုင်ခွင့်မရှိတဲ့နေ့ ရက်တွေမှာတောင်
ဆုံခဲ့တဲ့နေ့ ရက်ကိုရင်မှာသိမ်းထားလို့ 
အမြဲလွမ်းနေတယ်ဆိုတာ
ယုံကြည်ပေးပါနော်။ ။

No comments:

Post a Comment

အကြံပြုမယ်