p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 7 February 2013

ဆုံနိုင်ခွင့် မျှော်လင့်


တွေ့လိမ့်နိုးနိုး
ငါ့နေ့ရက်တွေ
နင့်ကိုရှာရင်းနဲ့ပဲ


ကုန်ဆုံးခဲ့တယ်
နင်သိပါ့မလားဟာ
ငါ့ရင်ထဲက အချစ်
နင့်အတွက်ချည်းပဲဆိုတာ. . .
ဘယ်အချိန်မှ
တွေ့ရပါ့မလဲ
နီးနီးလေးနဲ့ဝေးနေရတယ်
ကမ္ဘာကြီးကိုတောင်
ကျဉ်းကျဉ်းလေးပဲလို့
ပြောတာကြားဖူးတယ်
စီးပွားရေးတက္ကသိုလ်
သေးသေးလေးပါပဲ
ဒါပေမယ့်
ရှာလေများဝေးနေသလား
ဒီကနေ့ထက်ထိ
မတွေ့မြင်ရသေးဘူး
ဟွန်း
မောလိုက်တာကွာ
ဘယ်နေ့မှပြန်တွေ့ကြမှာလဲ
ငါချစ်တဲ့သူရေ. . .။ ။

No comments:

Post a Comment

အကြံပြုမယ်