p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 7 February 2013

ပေးဆပ်မှု


မင်းဘက်က မကြည်နူးပေမယ့်
ငါ့ဘက်က ရည်စူးခဲ့ပါတယ်
မင်းရယ်မြူးအောင်လို.
ငါ့အနမ်းတွေခြွေခူးပေးခဲ့တယ်လေ....

မင်းဘက်က ပြတ်သားပေမယ့်

ငါ့ဘက်က အမှတ်မထားခဲ့ပါဘူး
မင်းဆက်သွားလို.ရအောင်
ငါ့ဘ၀ကို လောင်းကြေးထပ် ခင်းထားပေးခဲ့တယ်လေ...

မင်းဘက်က အပျော်တွဲခဲ့ပေမယ့်

ငါ့ဘက်က အဖော်မဲ့ခဲ့ပါပြီ
မင်းစော်လဲလို.ရအောင်
ငါ့ဘ၀ကအတော်ကွဲကြေခဲ့ရတယ်လေ.....


မင်းဘက်က မတောင်းဆိုပေမယ့်

ငါ့ဘက်က အကောင်းပိုမိပါတယ်
မင်းကောင်းစားရအောင်
ငါ့ဘ၀ကို အရှက်နဲ.ရောင်းစားခဲ့တယ်လေ....

No comments:

Post a Comment

အကြံပြုမယ်