p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 14 February 2013

သံသယအကြည့်နဲ့ မကြည့်ပါနဲ့


သံသယအကြည့်နဲ့ မကြည့်ပါနဲ့
တို့နှစ်ယောက်ကြား
သွေးရပ်တန့်အေးခဲစေမှာမို့
ပျက်စီးမဲ့ အကြံစိတ်ကြမ်း
မင်း စွန့်လွှတ်လိုက်စမ်းပါ .....



ရှေ့ဆက်ကြုံမယ့်
ခရီးကြမ်းတွက် အားမပျက်ပါနဲ့
ရင်ဆိုင်ဖောက်ထွက်
အေးငြိမ်းတဲ့ လမ်းဖြစ်စေဖို့
နှောင်တွယ်တင်းမဲ့ နားလည်မှုကို
မင်းရင်မှာ သိုထားပါ .....

အပြစ်မဲ့လွန်းတဲ့ စကားကြမ်းတွေဟာ
တို့နှစ်ဦးရဲ့ ယုံကြည်ချက်တွေကို

စူးရှလွန်းတဲ့ ဓားထက်ထက်နဲ့

နှလုံးသားတခုလုံး

အပိုင်းပိုင်းပြတ်သွားစေနိုင်တယ်ဆိုတာ

မင်းသိပါတယ်

တို့နှစ်ယောက်ကြားထားတဲ့သစ္စာ
ဥပေက္ခာနဲ့ ဝေးကွာဖို့မဟုတ်ပါဘူး
နှလုံးသားအသိ စွဲမြဲမိသမျှ
ထာဝရတည်လို့ ခိုင်မြဲချင်ပါတယ် .....

ဒါကြောင့် မင်းနဲ့ ငါ့ကြား
ယုံကြည် အကြည့်အားပြိုင်ဖြည့်ပြီး
သိက္ခာနဲ့ ယှဉ်တဲ့ သံယောဇဉ်ကြိုး
ခိုင်မြဲတည်လို့ ရစ်ပတ်ထားကြစို့လား ချစ်သူ...

No comments:

Post a Comment

အကြံပြုမယ်