p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 7 February 2013

တစ်ခုပဲမေးချင်တယ်


   . . .   

မရိုးသားတဲ့
နင့်လုပ်ရပ်
သိသော်ငြား
မစွန်.လွှတ်နိုင်
ဘာကြောင့်လဲ
နင်လှလို.လား
ငါ့နှလုံးသား
ဆေးမိသွားလို.လား
ဝေခွဲမရတော့ဘူး
ဘာပဲဖြစ်ဖြစ်
ငါပျော်မယ်ဆို
နင့်ရဲ.မရိုးသားတဲ့လုပ်ရပ်တွေမသိရအောင်
ဆက်ပြီးသာ
လိမ်ပေးပါတော့. . .
မသိချင်တော့တဲ့
နင့်အကြောင်း
စဉ်းကိုမစဉ်းစားတော့ဘူး
အရေးပေးတွေးတောနေတာ
တစ်ခုတည်းပါ
နင့်ကိုအချိန်တိုင်း
ချစ်နေဖို.ပါ
ဦးနှောက်မျက်စိမှိတ်
နှလုံးသားမျက်စိပဲဖွင့်လို.
သူငယ်ချင်းတွေပြောတာ
မင်းမှားနေပြီ
ဇာတ်တစ်ဇာတ်
"က" ဖို.စင်ပေါ်တက်ပြီးမှတော့
ပရိတ်သတ်
မနှစ်သက် အော်ဆဲလည်း
ဇာတ်ပြီးဆုံးအောင်"က"ရတော့မယ်
လေလွင့်နေတဲ့
စိတ်ဓာတ်တွေစုစည်း
လာမယ့်အနာဂတ်
ဘာတွေဖြစ်ဦးမလဲဆိုတဲ့
အတွေးကိုဖယ်
နင့်ကိုတစ်ခုပဲမေးချင်တယ်
ငါ့ကိုတကယ်ချစ်ရဲ.လား. . . ?

No comments:

Post a Comment

အကြံပြုမယ်