p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 7 February 2013

တာရာ


တချို့တချို့သူတွေများ
နှစ်ကိုယ်တူ တွဲ ချင်တာတောင်မှ
အခြေအနေတွေ မပေးခဲ့ကြတာ
မင်းမြင်မှာပါ တာရာရယ်..
   . . .   

ညအခါ လသာတဲ့ အခါမှာတော့
မင်းရဲ့ အလင်း
တောက်ပမှု ကင်းသလိုဖြစ်ခဲ့ပေမဲ့
ညအခိုက် လမိုက်တဲ့ အခါတွေမှာ
မင်းရဲ့ အလင်း
တုနှိုင်းမဲ့ခြင်းကင်းပါတယ် တာရာရယ်..

တခါတခါမှာ

လမင်းလေးပျော်စေဖို့
မင်းအနားမှာဖျော်ဖြေခဲ့ရတာတွေ
လမင်းလည်းသိမှာပါ...

ကံမတူတဲ့ အခြေအနေတွေကြား

တူယှဉ်တွဲလို့နေခွင့်တော့
ရှိနေသားပဲ တာရာရယ်..

ချစ်သူလမင်းကလေးအနား

မင်းခစားခွင့်ရနေတာကိုပဲ
ကြံဖန်ဖြေသိမ့်လိုက်ပါလား..

လောကကြီးမှာ

ဘယ်သူမှ မရနိုင်တဲ့.အခြေနေမျိုး
မင်းအဖြစ်ဆိုးတာ မဟုတ်ပါဘူး တာရာရယ်..

တချို့တချို့သူတွေများ

နှစ်ကိုယ်တူ တွဲ ချင်တာတောင်မှ
အခြေအနေတွေ မပေးခဲ့ကြတာ
မင်းမြင်မှာပါ တာရာရယ်..

ဖြစ်ချင်တိုင်းမဖြစ်တဲ့

လောကဓံတရား
မင်းနားလည်မယ်ဆိုရင်
မင်းရင်မှာ ပျော်ရွှင်ခြင်းတွေနဲ့
ချမ်းမြေ့နေမှာပါလေ..

ကြည်နူးခြင်းအတိနဲ့

မင်းဘ၀ ပြီးပြည့်စုံနေတာကို
ငါလိုချင်မိတယ် တာရာရယ်..

ရင်းနှီးမှုတွေကြားက

ပေါက်ဖွားလာတဲ့ စေတနာတရား
မင်းနားလည်ပါစေ တာရာရေ....။

No comments:

Post a Comment

အကြံပြုမယ်