p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday 28 December 2012

မင်းရင်ခွင်

မင်းရင်ခွင်မှာ ငြိမ်သက်မှုများစွာနဲ့ 
ငါ့ကိုနားနေခွင့်ပြုပါ...

ချစ်သူရေ မင်းရဲ့ ချစ်ခြင်းတွေနဲ့ 
မင်းပေးခဲ့တဲ့ အနမ်းတွေက
ငါ့တို့ နှစ်ယောက်ရဲ့ အတိတ်ကနေ လွတ်မြောက်ဖို့ 
ငါ့ကို ခက်ခဲစေခဲ့ပီကွယ်....
တခါတလေ မင်းရဲ့ အေးစက်တဲ့ အပြုအမူတွေက
ငါ့ကိုတွေဝေစေတယ် ဆိုတာ မင်းသိရဲ့ လား......
ချစ်သူရေ မင်းရဲ့ အကြည့်တွေ အောက်မှာ ငါသေစေနိုင်တယ်
ကျေးဇူးပြုပြီး ခံစားချက်ကင်းမဲ့တဲ့ အကြည့်မျိုးနဲ့ 
ငါ့ကို မကြည့်ပါနဲ့ ......
ငါ မင်းဆီက အများကြီး မျှော်လင့်မထားပါဘူး
ငါ့တို့ နှစ်ယောက် ချစ်နေကြသေးတယ် ဆိုတာလေးနဲ့ 
ငါက ကျေနပ်မဲ့သူပါ....
ငါ့တို့ က ချစ်ခြင်းကို မြတ်နိုးတဲ့ သူတွေမို့ လို့ 
ငါ့တို့ ရဲ့ ငြိမ်သက်နေတဲ့ ရင်ခွင် ကန်ရေပြင်လေးကို
မင်းလာပီးတော့ ၀ဲကယက်ငယ်လေးဖြစ်အောင် မလုပ်ပါနဲ့ 
ငါခံနိုင်ရည်မရှိတော့လို့ ပါ......
ငါ အင်အားမဲ့နေလို့ ပါ ...ချစ်သူ

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ