p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

တကယ်.လို နင်

တကယ်လို့များ တနေ့နေ့မှာ မင်း ငိုကြွေးချင်နေခဲ့ရင်... ငါ့ကို ခေါ်လိုက်ပါ...
မင်းကို ရယ်မောအောင် လုပ်မယ်လို့တော့ ငါ ကတိမပေးပါဘူး....
မင်းနဲ့အတူတူတော့ ငိုကြွေးနိုင်ပါတယ်...

တကယ်လို့များ တနေ့နေ့မှာ နင် အဝေးဆုံးကို ပြေးထွက်သွားချင်နေခဲ့ရင်...
ငါ့ကို ခေါ်ဖို့ မစိုးရိမ်နေပါနဲ့...
နင့်ကို ထွက်မသွားဖို့ တောင်းဆိုမယ်လို့ ကတိမပေးပါဘူး....
နင်နဲ့ အတူတူတော့ ပြေးထွက်နိုင်ပါတယ်...

တကယ်လို့များ တနေ့နေ့မှာ နင် ဘယ်သူပြောစကားမှာ နားမထောင်ချင်ခဲ့ရင်...
ငါ့ကို ခေါ်လိုက်ပါ...
နင့်အတွက် ငါ ရှိနေပါမယ်လို့ ကတိပေးတယ်....
ပြီးတော့ တကယ်ကို တိတ်တိတ်လေးနေနေပါ့မယ်လို့လည်း ကတိပေးပါတယ်...

တကယ်လို့များ တနေ့နေ့မှာ နင် ငါ့ကို လှမ်းခေါ်တဲ့အခါ...
ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့...
ငါ့ကို အမြန်ဆုံးလာတွေ့ပါ...

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ