တိုးဝှေ့ကာ ပြေးလိုက်နေရတဲ့
မြို့ဘက်စ်လို တိုးတက်နေတဲ့
၂၁ရာစု အိုင်တီခေတ်မှာ
အလင်းထက်မြန် ပြောင်းလည်းမူတွေက
အကြောင်းပြု ကောင်းမူလား
အတိတ်ကံ နံမိတ်ဖန်လို့
ခင်းခဲ့ မင်ခဲ့ ရင်းနှီးခဲ့ကြတော့
တစ်နေ့ကျ ဝေးသွားကျရင်
သတိရ တိုက်ဆိုင်ခဲ့ရင် အသိအမှတ်ပြူပေးပါ ကောင်မလေး.....။။။

ဘဝဆိုတာ မွန်းကျတ်တဲ့အခါ
ဇွန်းတပ်မှုန့်သောက်လိုက်ပါ
မှုန်တိုင်းကြားက လေးပြေညှင်း
ရင်ခုန်သံနဲ့ ထုဆစ်မဲ့ အကျင်နာသီချင်း
မလှပတဲ့နေရက် ကိုပုံဖော်ရင်းနဲ့
ရွေးချယ်မူ့နဲ့ အသင့်မပြင်ထားလို့
ဆုံးရှံးခဲ့ရင် ကောင်မလေးအားမငယ်ပါနဲ့
အသွားထက်တဲ့ ဓါတစ်လက်ဖြစ်ဖို့
နာနာအသွေးခံရတယ် မှတ်ကာ
လှေကားထစ်သဖွယ် အားယူလို့
သင်ခန်းစာ ဆရာအဖြစ် နင်းတက်လိုက်ပါ ကောင်မလေး....။။။

တန်ဖိုးပဲထားထား
ချောင်ထိုးပဲ ထားထား
အဓိပ္ဗာယ်ရှိတဲ့ဘဝ
နေထိုင်မူက အမှတ်တမဲ့တော့ဖြစ်မလာခဲ့ဘူးလေ
အရေးကြီးတာက ရှင်သန်ချိန် လူတွေဘယ်လောက်
များများသိထားတာထက် ပျောက်ကွယ်ချိန်
မှာ ဘယ်လောက်များများ သတိရလွမ်းဆွတ်မလဲဆိုတာပဲ ကောင်းမလေး.....။။။

အလင်ဖျော့တဲ့ကောင်းကင်အတွက်
လင်းလက်တဲ့ကြယ်တစ်ပွင့်
အနာဂတ်မှာ စံအဖြစ်နဲ့
ရာဇဝင် မော်ကွန်းတင်နိုင်အောင်
လှပတဲ့ ရောင်ခြည်သစ်တွေ
ထွန်းလင်း နိုင်အောင်
အမှား။အမှန် နီယာမတွေနဲ့
အဆိုးအကောင်း အကျိုးအကြောင်းကို
ခွဲခြားသိနိုင်ပြီ အနာဂတ်မှာ
တော်ဝင် ပန်းတစ်ပွင့်လို့ အမြဲ လှပ လန်းဆန်းနိုင်ပါစေ ကောင်မလေး...ရေ....။။။။

No comments:
Post a Comment