p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 26 November 2012

တမ်းတခြင်း

ခမ်းခြောက်နေပြီ ငါ့မျက်ရည်
မင်းပြန်လာမှာလား
ငါလွမ်းလို့မျှော်
ချိုသာတဲ့စကား နားထဲစွဲ
ငါဘယ်လောက်ချစ်တာ
ဘုရားကလွဲ
ဘယ်သူကသိမလဲ. . .
နေ့စဉ် ပျော်စရာဆိတ်သုဉ်း
နှလုံးသားထဲက ဒဏ်ချက်
ကျန်ခဲ့သူ ရင်ဘတ်ထဲ အောင့်သက်သက်
အတိတ်ရောင်စုံ ပန်းချီကား
နှစ်ယောက်အတူ ဆွဲခဲ့ကြ
မင်းကဖျက်ရက်ပြီ ခုတော့
ငါတမ်းတခြင်း အငွေ့အသက်တွေက
မလွတ်မြောက်နိုင်တာ အမှန်
ဆွေးရိပ်တွေနဲ့ ငါရှင်သန်
နင်ချန်ထားခဲ့တဲ့ ငါ့ကမ္ဘာမှာ
မလှပတော့တာ ကြာ
တစ်ခါတစ်ခါ မိုးသဲလို့ ငါ့ပါးပြင်ရွှဲမိသေး
နာကျင်နေတဲ့ ရင်ထဲက ဒဏ်ရာ
လွယ်လွယ်အနာကျက်ပါ့မလား
မင်း. . .
အစိမ်းလိုက် ရင်ခွဲတတ်တယ်နော်. . .။ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ