p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

နင်မရှိရင်


ရင်ခွင်မှာနင်မရှိရင်
နှလုံးသားမှာနင်မရှိရင်
အလွမ်းတွေထဲမှာနင်မပါရင်
အနမ်းတွေထဲမှာမင်းပျောက်ရင်
ဒီအလွမ်းတွေထဲက
ရင်ခွင်နှလုံးသားက
အနမ်းတွေကိုဘယ်သူ့ကိုပေးလိုက်ရမှာလဲ...................................................ချစ်သူရယ်
ချစ်ခင်မိရင်
နာကျင်ရတယ်ဆိုတာသိပေမဲ့
ဒီရင်ကိုနင်ခွဲလည်း
ဒီအကြင်နာအချိန်တိုင်းဘဲ
မပျက်သုဉ်းသလို
မပျောက်ဆုံးပါဘူး.................................................................................ချစ်သူရယ်
နာကျင်မှုဆိုတဲ့အရာကိုအန်တုရင်း
ဝေဒနာအသိက
မင်းတစ်ယောက်ကိုချစ်မိနေခဲ့သူပါ..............................................ချစ်သူရယ်
အပျံသင်စဌက်တစ်ကောင်ရဲ့
တောင်ပံခတ်သံကမညီညာနိုင်သလို
ကိုယ်ရဲ့ရင်ထဲကနှလုံးကလည်း
မင်းတစ်ယောက်ကိုတွေ့မိရင်မငြိမ်သက်နိုင်ခဲ့ပါဘူး..................................ချစ်သူရယ်
အလွမ်းကမ္ဘာမှာ
ဒီတစ်သက်ဒဏ်ရာနဲ့နှလုံးသားက
ထာဝရမင်းတစ်ယောက်ကိုမျှော်နေမဲ့
အချစ်ရဲ့တစ်သက်တစ်ကျွန်းအကျဉ်းသားပါ.....................................ချစ်သူရယ်

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ