p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday 20 November 2012

♪♪နင်သိထားလိုက်ပါ♪♪

ချစ်သူရေ
မတူညီတဲ့အလွှာနှစ်ခုက
ပေါင်စပ်ဖို့မဖြစ်နိုင်သလို
မတူညီတဲ့ဘ၀နှစ်ခုက
ပေါင်စပ်လို့မရနိုင်ဘူးတဲ့
မတူညီတာတွေများနေတဲ့
ငါတို့နှစ်ယောက်ရဲ့ဘ၀မှာ
ဘယ်လိုရှေ့ဆက်ကြမှာလဲ
ကောင်းကင်နဲ့မြေကြီးဟာ
မထိစပ်နိုင်သလို
နင်နဲ့ငါကလည်း
မနီးစပ်နိုင်တော့ဘူးဟာ
ဒါပေမဲ့နင်သိထားလိုက်ပါ
လဟာနေရဲ့အလင်းနဲ့တောက်ပတယ်
ငါကတော့နင်ရဲ့အရှိန်အ၀ါနဲ့
နင်အသိုင်းကြားမှာဘယ်တော့မှ
တောက်ပနေမှာမဟုတ်ဘူး
ငါရဲ့ကိုယ်ပိုင်အလင်းရောင်လေးနဲ့ပဲ
ထွန်းလင်းနေမှာပါ
နင်သိထားလိုက်ပါ
သေလောက်အောင်ချစ်နေပေမဲ့
မာနဆိုတဲ့အရာကိုလက်ကိုင်ထားပြီး
နင်နဲ့နင်အသိုင်းကြားမှာ
ဘယ်တော့မှဒူးမထောက်ဘူးဆိုတာ
နင်သိထားလိုက်ပါ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ