p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

နင်ပျော်စေဖို့




ဒါတွေအားလုံး ငါ နင့်ကို ပြောချင်တယ် ...
ငါ ပြောသမျှ နင်နားထောင်ပေးနိုင်ရဲ့လား
   . . .   


နင် ငါ့ကို အမြဲပြောခဲ့တယ်
နင် သူ့ကို ဘယ်လောက် ချစ်တယ်
နင် သူ့ကို ဘယ်လောက် မျှော်လင့်တယ်
နင် သူ့ကို ဘယ်လောက် တန်ဖိုးထားတယ်
နင် သူ့ကို ဘယ်လိုမှ မေ့လို့မရဘူး
နင် သူ့ကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူး
နင့် ဘ၀မှာ သူတစ်ယောက်သာ အရေးကြီးဆုံး
ဒါတွေအားလုံး နင်ငါ့ကို ပြောခဲ့တယ်
နင် ပြောသမျှ နားထောင်ပေးခဲ့တဲ့ ငါ
နင် စိတ်ဓာတ်ကျရင် အားပေးတတ်တဲ့ ငါ
နင် လိုအပ်ရင် အမြဲရှိနေပေးခဲ့တဲ့ ငါ
ငါက နင့်ရဲ့အခင်ဆုံး သူငယ်ချင်းတဲ့
နင်နဲ့ငါ အရာရာကို မျှဝေခံစားကြမှာတဲ့
ငါ နင့်ကို အမြဲပြောခဲ့တယ်
ငါ နင့်ကို ဘယ်လောက် ချစ်တယ်
ငါ နင့်ကို ဘယ်လောက် မျှော်လင့်တယ်
ငါ နင့်ကို ဘယ်လောက် တန်ဖိုးထားတယ်
ငါ နင့်ကို ဘယ်လိုမှ မေ့လို့မရဘူး
ငါ နင့်ကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူး
ငါ့ ဘ၀မှာ နင်တစ်ယောက်သာ အရေးကြီးဆုံး
ဒါတွေအားလုံး ငါ နင့်ကို ပြောခဲ့တယ်
ဒါတွေအားလုံး ငါ နင့်ကို ပြောချင်တယ်
ငါ ပြောသမျှ နင်နားထောင်ပေးနိုင်ရဲ့လား
ငါ လိုအပ်ရင် အမြဲရှိနေပေးခဲ့လား
နင်က ငါ့ရဲ့အချစ်ဆုံး ဖြစ်ခဲ့ပေမယ့်
ငါက နင်ရဲ့အချစ်ဆုံး မဟုတ်ခဲ့ပါဘူး
နင် ပျော်ဖို့က အဓိကပါ
နင် ပျော်နိုင်ပါစေ
“ သူငယ်ချင်း ” ဒီလိုထပ်မပြောပါနဲ့တော့
ထားခဲ့တဲ့သံယောဇဉ် သူငယ်ချင်းထက် ပိုပါတယ် ။         ။                 

မုန်းဖို့ရွယ်စူး...မည်သူချစ်ခဲ့ပါသလဲ....

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ