p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday 27 November 2012

ဝေးကြပြီ ရှင်ကွဲ



   . . .   


ချစ်လျှက် ကွေကွင်း
ရှင်ကွဲ ကွဲ
ယိုစိမ့် သွေးစက်
နှလုံးအိမ်
ဝေးကြပြီ ရှင်ကွဲ. . .
ပြန်လိုချင် အရင်ချိန်
လွမ်းရင်း ဖြေသိမ့်
နှစ်ကိုယ့်တစ်စိတ်
ဖြတ်သန်း ကျော်လွှား
ဘ၀ခရီး
အခု နင်မပါ
ငါတစ်ကိုယ်တည်း
ကျော်ကာဖြတ်သန်း ဘ၀ခရီးလမ်း
ဝေးကြပြီ ရှင်ကွဲ. . .
တမ်းတကာလွမ်း
ငါ့အလွမ်း
မြင်ချင် နင့်မျက်နှာ
ကြားချင် နင့်အသံ
မှေးစက်ချင် နင့်ပခုံး
ဆန္နတွေဖြစ်ခွင့်မရှိ
ဝေးကြပြီ ရှင်ကွဲ. . .
မှောင်မိုက် ရင်ခွင်
ကြွေသော အပြုံး
ပြန်ဆုံဖို့ အိပ်မက်
ဘယ်အထိ ဆက်မက်ရဦးမလဲ
ခွဲရက်တဲ့ ကံကြမ္မာကြောင့်
ဝေးကြပြီ ရှင်ကွဲ. . .။ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ