p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

♥♥သခင်ရယ်...♥♥

♥♥သခင်ရယ်...♥♥

အတွေးကထပ်
ရေးရခက်နေတဲ့ ငါ့ကဗျာတွေ
ဆေးစက်ကျတိုင်း အရုပ်မထင်ဆိုသလို
ရေးချမိလိုက်တိုင်းက
ငါ့အလွမ်းအကြောင်းတွေချည်း
ရည်ရွယ်မထားမိပေမယ့်
မှင်တံကိုင်တဲ့ငါ့ လက်က
မျဉ်းပြိုင်လွင်ပြင်မှာ
အလွမ်းတွေပဲ ရှင်သန်အောင်ပျိုးထားမိတယ်..
ချစ်မိတဲ့ငါ့အဖြစ်က
အလွမ်းတွေလစ်လပ်တဲ့နေ့ ရက်တွေ ရှိမနေတတ်သလို
နံရံ၊ကြမ်းပြင်၊မျက်နှာကျက် ကြည့်လိုက်တဲအရပ်တိုင်းမှာ
အလွမ်းတွေ တရှိုက်မက်မက်နဲ့
ငါအမြတ်တနိုး တမ်းတတတ်တဲ့
နင့်ပုံရိပ်တွေပဲနေရာယူတယ်..
မျက်လွှာမှိတ်လို့ အိပ်စက်ချိန်တောင်
အိပ်မက်တွေကို ကယောင်ကတမ်း ဖြစ်စေတဲ့နင်
ငါ့ရင်မှာ အလွမ်း သက်သက်နဲ့ နှလုံးသားက
ချစ်ရက်ကို မျှော်နေတာ သိရဲလား...?
ငါ့အတွေး ငါအရေးတွေမှာ
နင့်အကြောင်းမပါသမျှ မပြီးတတ်ခဲ့သလို
ပိုင်းစိုးနိုင်လွန်းတဲ့နင်...
နင်ဟာငါ့ဘ၀ င့ါဘုရင်မပါပဲ
ငါ့ခံစားသမျှတွေက နင်သေဆိုသေ ရှင်စေချင်ရှင်
ငါ့အတွက်နင်သက်ညှာပေးဖို့မျှော်လင့်မိတယ်
.....သခင်ရယ်.....!


သခင်အတွက်

1 comment:

  1. ကိုယ်တိုင်ရေးကဗျာလား...ခင်ဗျားက...အံ့သြစရာကောင်းအောင်.ကဗျာတူနေတာတွေ့ ရတယ်..... ခရက်ဒစ်ပေးသင့်တယ်ဗျ

    ReplyDelete

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ