p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday 27 November 2012

မီးပြတိုက်ကလေးတော့ဖြစ်ပါရစေနော်

ငါ့အစွဲအလန်းကြီးမှုက
ငါ့ကိုပြန်ဒဏ်ခတ်နေတာလား
ချစ်သူရယ်
နှလုံးသားကမင်းမှမင်းပဲဖြစ်နေတော့
ငါခံစားရတာပေါ့---
နေ.စဉ်ရက်ဆက်
အလွမ်းရဲ.ဒဏ်ချက်တွေကြောင့်
တစ်စက်စက်နဲ.ကျတဲ့သွေးစက်တွေက
ရင်ဘတ်ထဲမှာ
မညှာမတာနဲ.မြစ်တစ်ခုအဖြစ်
အရှိန်ပြင်းပြင်း စီးဆင်းနေတာ
မင်းမမြင်လို.လား မျက်ကွယ်ပြုနေတာလားကွာ။
ရက်စက်တယ်လို.မထင်ရပဲ
သေသပ်တဲ့လှည့်ကွက်တွေနဲ.
နင့်ရဲ့အပြင်းစားရိုက်ချက်တွေကြောင့်
အသည်းကဟက်တက်ကွဲပြီး
ငါဘာကိုလွမ်းရမလဲတောင်မသိတော့ဘူး။
အချစ်ကလွဲပြီး ဘာမှမပေးနိုင်တဲ
ငါ့ရဲ.နုံချာချာ ဘ၀ကို
မင်းဆီမှာမြှုပ်နှံဖို.စိတ်ကူးတဲ့ငါကိုယ်တိုင်က
သူများထက်ထူးပြီးရူးနေလို.နေမှာပေါ့နော်။
တစ်ကယ်ဆိုငါမင်းအတွက်
အချိန်တွေတိုင်း
ဖေးမပေးချင်နေတာပါ
မုန်တိုင်းနဲ.လှိုင်းထန်တဲ့
ဘ၀၀ဲဂယက်တွေထဲမှ
ဘ၀လှေငယ်လေးမှောက်ပြီး
လှိုင်းအောက်မရောက်အောင်
ထိန်းညှိပေးတဲ့ ပဲ့ကိုင်ရှင်မဖြစ်နိုင်ရင်တောင်
ကမ်းမပျောက်အောင် လမ်းပြပေးတဲ့
မီးပြတိုက်ကလေးတော့ဖြစ်ပါရစေနော်........... ရေးသူ စိုင်း

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ