p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 26 November 2012

ရင်ခုန်သံ



ရင်ခုန်သံပြောင်းလို့
ဓါတ်ခွဲကြည့်တော့ "သံယောဇဉ်" တဲ့လေ......

သံယောဇဉ်ဆိုတာ....
ဒီနှလုံးသားရဲ့...၀င်ရိုးစွန်းအထိ..
ငြိခဲ့တဲ့.....
အ၀ါဖျော့ဖျော့ ကြိုးလေးတစ်ချောင်းပေါ့.......

မျက်ဝန်းချင်းဆုံမိချိန်
တဒင်္ဂ လေးပါ....
ကောင်မလေးရေ.........
ငါ့နှလုံးသားက
မင်းအကြည့်တစ်ချက်နဲ့တင်
တယုတယ စစ်ရှုံးခဲ့ပြီ.........

ရင်မှာစွဲလန်း မျှော်တိုင်းမြင်ခဲ့ သူ့မျက်နှာ
လွမ်းနေသူရဲ့ အိပ်မက်ပင်လယ်မှာ
သူ့အရိပ်တွေပဲ........အခါခါ....
ကမ်းကပ်ခဲ့လေရဲ့......

မနက်ပေါင်းများစွာလည်း...
မင်းပုံရိပ်နဲ့....လင်းခဲ့ပါတယ်...... ကောင်မလေးရယ်.........

မင်းသိရဲ့လား.....
ဖြေမရ ဖျောက်မရ မင်းကိုမှ
ရူးသွပ်နေတဲ့ ဒီကောင်....
လွမ်းနေရုံကလွဲလို့ ဘာဖြေဆေးမှ မရှိတာ....
ကာလငယ်တစ်ခုကြာခဲ့ပြီ......
မင်းအရိပ် မင်းအရောင်က
ကောင်းကင်များစွာကို
လင်းစေမယ်လို့.....ငါ....ထင်ရဲ့။
သေချာပါတယ်.....
ထပ်ပြောလည်း ဒီစကားပဲ.....
"ငါမင်းကို အခါအခွင့်ဆိုတာတွေမတွေးဘဲ..ချစ်တယ်.."

တစ်ဖက်သတ်မို့
ရာသီဟောင်းရဲ့အလွမ်းက
အထီးကျန်ဆန်ဆန် ကြွင်းကျန်ဆဲ....
ငါ.....မင်းကို.....လွမ်းတယ်
မော့ကြည့်မိပြန်တော့
မင်းမျက်ဝန်းတွေ....မင်းအပြုံးတွေနဲ့
ခမ်းနားနေဆဲ.....ကောင်းကင်တစ်ခု...
ဒါပဲတတ်နိုင်တယ်လေ.....
ငါဟာ ငေးကြည့်ရုံသာတတ်တဲ့
မင်းရဲ့ အကျဉ်းသားပါ.............ကောင်မလေးရယ်...
သက်ပြင်းလေးနဲ့ ကျေနပ်ခဲ့ရ
ငါ့ရင်ခုန်သံကမောပန်းလို့.....
မျှော်လင့်ချက်ခမ်းခြောက်
ငါ့မျက်ဝန်းက
မင်းအပြုံးတစ်ချက်မှာ
ရုန်းမရအောင်
တွယ်ငြိနေရဲ့........
ဘာတတ်နိုင်မလဲ.....
ဒီကောင့်နှလုံးသားက
"သံယောဇဉ်" ဖြစ်ခဲ့မှတော့
ဘာ..တတ်..နိုင်..မ...လဲ။
ငါ...လွမ်းနေမယ်......ကောင်မလေးရယ်
မင်းမသိပေမယ့်..
ငါ....လွမ်း...နေ...မယ်....

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ