p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

"လွတ်လပ်စွာမြတ်နိုးသူ"


ဥပေက္ခာပြုခြင်းရေ
ငါ့ရင်ကိုဝေဒနာတွေပေးခဲ့ပါ
ငါကတော့
မျှော်လင့်ချက် အပိုင်းအစတွေနဲ့ကျေနပ်နေပါတယ်.....

အထီးကျန်ခြင်းရေ
ငါ့အတွက် အလွမ်းတွေပေးခဲ့ပါ
ငါကတော့
့တိတ်ဆိတ်မှုတစ်ချို့ တစ်ဝက်နဲ့ကျေနပ်နေပါတယ်.....

ခါးသီးခြင်းရေ
ငါ့အသည်းနှလုံးကို အမုန်းတွေပေးခဲ့ပါ
ငါ့အတွက်တော့
လွတ်လပ်မှုအနည်းငယ် ပိုင်ဆိုင်ရရင် ကျေနပ်နိုင်ပါတယ်.....

ရက်စက်ခြင်းရေ
ငါ့အသည်းကိုတစ်ခြမ်းတိတိ ခွဲခဲ့ပါ
ငါ့အတွက်
ပျော်ရွှင်ခြင်းတစ်ဖဲ့လောက်ထားခဲ့ရင် ကျေနပ်နိုင်ပါတယ်.....

ကောင်မလေးရေ
ငါ့ရဲ့ ရင်ခုန်သံကို ရှုံးနိမ့်မှုတို့ပေးခဲ့ပါ
ငါကတော့
အပြုံးလေးတစ်ပွင့်လက်ဆောင်ရရင်ပဲ အမုန်းဆိုတာကိုမေ့ထားချင်သူပါကွယ်........။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ