ငါကိုယ်တိုင် ဖန်တီးခဲ့တဲ့ မျှော်လက့်ချက်တစ်စုံ
ငါကိုယ်တိုင်ပဲ ရုပ်သိမ်းတယ်
အသက်ငင်နေတဲ့ မျှော်လင့်ချက် ငါရှေ့မဆက်သင့်တော့ဘူးလေ
ဖူးစားဆိုတာ ဦး၇ာယူစတမ်း
မပြဋ္ဌာန်းသေးဘူး
ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီး
ကိုယ့်ခရီးလမ်းကိုပဲ မှန်မှန်လျှောက်လှမ်းမယ်
ဆူးခလုပ်ဟူသမျှ မရှိစေရဘူး....
နောက်ဆုပ်သင့်ရင် ရူးမိုက်စွာ ရှေ့မတိုးဘူး
ခပ်ဝေးဝေးပဲနေမယ်
မပြတ်သားတဲ့ မျှော်လင့်ချက်တစ်စုံ ငါရင်မခုန်တော့ဘူး
အရှုပ်တွေနဲ့လုပ်ဇာတ်တွေက အတင့်ရဲလွန်းလို့
ပွန်းပဲ့ခဲ့တဲ့အသဲတစ်ခြမ်း ငါရူးနမ်းလွန်းလို့ပါ
မရှုပ်ပွေတတ်တဲ့ငါ့နှလုံးသားကို
သဒ္ဒါယောင်ဆောင် တဏှာမှောင်က
ထိန်းချုပ်ခံခဲ့ရဘူးတယ်...
ပျော်ရွှင်မှုအတုယောင်တွေက
ဒီလူ့ဘောင်မှာ နေ၇ာယူလွန်းလို့
စစ်မှန်တဲ့ချစ်ခြင်းနဲ့ကမ်းမမြင်တဲ့
မြစ်တစ်စင်းလယ် ငါမကူးခတ်ချင်တောဘူးလေ
ရိုးစင်းတဲ့ စမ်းချောင်းတွင်းမှာပဲ ငါပျော်တော့မယ်...
အားလုံးကိုလေးစားလျက်
No comments:
Post a Comment