p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 26 November 2012

တစ်ချိန်ကချစ်သူသို့ 

တစ်ချိန်ကချစ်သူ..............
အလွမ်းသင့်ကျိန်စာစူးလို့ 
အမုန်းတွေကြားထဲမှာ
အကြင်နာမရှိတဲ့နေ့ စွဲတွေအောက်
အသက်ရှင်နေထိုင်နေရတာလား။
တစ်ချိန်ကချစ်သူ..............
ကျိန်စာသင့်လို့ လွမ်းခဲ့တာလား
စွဲလမ်းလွန်းလို့ ရူးခဲ့တာလား
မရေရာတဲ့အဖြေတွေကြား
တွေးတောရင်းမိုးလင်းခဲ့တဲ့
အိပ်ပျက်ညတွေကို
နားလည်ပေးခဲ့ဖူးလား။
တစ်ချိန်ကချစ်သူ..............
ခင်မင်မှုတွေမပျက်လို့ 
ရှေ့ ဆက်ခင်မယ်ဆိုတဲ့စကားကို
ကျေနပ်ခဲ့လို့ နောက်ဆုတ်ပေးခဲ့တာ
မုသားဆိုခဲ့တာကိုသိလိုက်တော့
ဝိုင်းနေတဲ့မျက်ရည်ကိုသုတ်နေရတာပေါ့။
တစ်ချိန်ကချစ်သူ..............
ပြန်ဆုံလို့ မခေါ်ရင်နေပါ
ဝမ်းမနည်းပါဘူး
မျက်နှာချင်းဆိုင်တွေ့ လို့ 
မပြုံးပြချင်နေပါ
စိတ်မပျက်ပါဘူး
မင်းစိတ်ညစ်တဲ့နေ့ ရက်တိုင်း
မင်းနှလုံးသားမှာ
ငါ့နာမည်လေးတစ်လုံး
တိုးတိတ်စွာရွတ်ဆိုခဲ့ရင်
ငါ့နှလုံးသားလေးလည်း
ပြုံးပျော်နိုင်မှာပါ
တစ်ချိန်ကချစ်သူ..............။ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ