p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

ဘဝ ဆိုတာ လေနဲ့ လှိုင်းတို့ သယ်ဆောင်ရာကို မျောချင်ရာ မျောနေတဲ့ ရေပြင်ပေါ်က ရွက်လှေမဟုတ်၊ တိကျတဲ့ ရည်မှန်းဦးတည်ချက် တစ်ခုတည်းကို အရှိန်ဟုန်နဲ့ ခုတ်မောင်းနေတဲ့ သံလမ်းပေါ်က ရထားတစ်စီး မဟုတ်

(1) ဘဝ ဆိုတာ လေနဲ့ လှိုင်းတို့ သယ်ဆောင်ရာကို မျောချင်ရာ မျောနေတဲ့

ရေပြင်ပေါ်က ရွက်လှေမဟုတ်၊ တိကျတဲ့ ရည်မှန်းဦးတည်ချက် တစ်ခုတည်းကို

အရှိန်ဟုန်နဲ့ ခုတ်မောင်းနေတဲ့ သံလမ်းပေါ်က ရထားတစ်စီး။


(2) ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက ခြေချစရာ

သံလမ်းတစ်ခု၊ နောက်တစ်ခုက ခရီးအတွက် လိုအပ်တဲ့ လောင်စာ။


(3) တစ်ခါတစ်ရံမှာ သာယာစိုပြေတဲ့ တောအုပ်တွေကို ဖြတ်သန်းရသလို တစ်ခါတစ်ရံမှာ

ခါးသီး ခြောက်သွေ့တဲ့ ကန္ဒာရတွေကိုလည်း ဖြတ်သန်းရမယ်။ ဒါပေမယ့်

စိုပြေနေချိန်မို့ ခဏနားနေလို့ မရသလို၊ ခါးသီးနေချိန်တွေကို

မြန်မြန်ကျော်လွန်လို့မရဘူး။ ကြုံတွေ့ရသမျှ ကောင်းခြင်း ဆိုးခြင်းတို့ကို

သင်ခန်းစာယူရင်း နဲ့ နောက်ဆုံး ရည်မှန်းချက် မရောက်မချင်း မှန်မှန်

ခုတ်မောင်းရမှာပဲ။


(4) အခက်အခဲနဲ့ ရှုံးနိမ့်မှုဆိုတာ ခရီးရောက်ချင်တဲ့ ရထားအတွက်တော့ ဇလီဖာတုံးတွေ။



(5) သင် ဆက်ပြီးတော့ ရှေ့မတိုးတော့လျှင် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုကို

ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း

ရှောင်ရှားပြီးသား ဖြစ်နေလိမ့်မည်။


(6) မနက်ဖြန်သွားရမယ့် ခရီးအတွက် တွေးပြီး မပူပါနဲ့။ ယနေ့ ခရီးကိုပဲ

ရောက်အောင်သွားလိုက်ပါ။ ကံကြမ္မာက ကိုယ့်ဘက်က ရပ်တည် လာပါလိမ့်မယ်။


(7) သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား

သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်၏။


(8) ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။

မကြာမီ အကောင်းဆုံးတွေ သင့်ထံ ရောက်လာတော့မယ် ဆိုတာသိပါ။


(9) လမ်းတစ်ဝက်နှင့် ဘယ်တော့မှ မရပ်ပါနှင့်။


(10) ဖြတ်သန်းခဲ့ပြီးတဲ့ ခရီးတွေကလည်း သိပ်အရေးကြီးတယ်၊ မနေ့က

လုပ်ခဲ့တာတွေအားလုံးက ဒီနေ့မှာ သမိုင်းပဲ။ သမိုင်းမှာ အမဲစက်

တစ်စက်ထင်သွားရင် တစ်ဘဝလုံး စိုးမိုးသွားရော။



(11) နှေးချင်နှေးပါစေ၊ ဖြေးဖြေးပဲ ဆက်သွားပါ။ ခရီးရောက်ဖို့ဆိုတာ

နှေးတာ၊မြန်တာ ထက်၊ ရပ်မနေဖို့ပဲလိုတယ်။


(12) တစ်ယောက်ဆင်း၊ တစ်ယောက်တက် လူပေါင်းစုံနဲ့ ပတ်သက်ရလိမ့်မယ်။ ခဏပဲ

ရပ်ပေးပါ၊ တစ်စုံတစ်ယောက်ကြောင့် တစ်နေရာတည်းမှာ ထာဝရ မရပ်မိပါစေနဲ့။


(14) ငွေကို အရေးထားသူကို ငွေနဲ့ဆက်ဆံ။ မေတ္တာကို တန်ဖိုးထားတဲ့သူကို စေတနာနဲ့ဆက်ဆံ။



(15) လမ်းမှန်အတိုင်း ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်သွား။

မှန်မှန်ကန်ကန်ဖြင့် ကိုယ့်လမ်းကိုယ်သွားနေချိန်မှာ ရှေ့က

လာပိတ်ရပ်ရင်တော့ နင်းပစ်လိုက်။ သေသွားရင်တောင် ရထားမှာ အပြစ်မရှိဘူး။


(16) ခရီးဆုံးပန်းတိုင်ကို ရောက်ချင်တဲ့စိတ်သာ တကယ်ရှိပါစေ။ မုချရောက်ပါလိမ့်မည်။


(17) အတက်၊ အဆင်းတွေကို ဂရုစိုက်ပါ။ အတက်မှာ နှေးပြီး အဆင်းမှာ မြန်တာက

လောကဓမ္မတာပဲ၊ အတက်မြန်အောင်ထက် အဆင်းမှာ အကျနာပြီး တစ်စစီ ပြုတ်မထွက်ဖို့

ပိုအရေးကြီးတယ်။


(18) ရထားတို့ ကံကြမ္မာသည် ခေါင်းတွဲနှင့် လမ်းကြောင်းပေါ်တွင် မူတည်သလို၊

လူတစ်ယောက်၏ ကံကြမ္မာသည်လည်း ခေါင်းသုံးမှုနှင့် ရွေးချယ်ခဲ့သော

လမ်းကြောင်းပေါ်တွင် မူတည်သည်။


(19) လှပမှုရယ်၊ ဥာဏ်ပညာရယ်ဆိုတာ ဘယ်တော့မှ အတူတွဲနေရိုး မရှိဘူး၊ လှပမှုတွေကို

သတိထားပါ၊ ဥာဏ်ကို လွှာသုံးပါ။


(20) တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုတည်းကိုသာ ဦးတည်ပါ။


(21) မိမိ၏ လုပ်ရပ်တစ်ခုက ရည်မှန်းထားတဲ့ ခရီးဆုံးကို ဦးတည်ချက်

ပြောင်းစေနိုင်တယ်လို့ ယုံကြည်လျှင် လျှော့လုပ်ပါ။ အထောက်အကူပြုသည်ဟု

ယုံကြည်လျှင် တိုးလုပ်ပါ။


(22) အသံပေးရမယ့်နေရာ ရောက်မှ အသံထွက်ပါ။ ဘာသံမှ မထွက်ရမယ့်အချိန်တွေ

အများကြီးရှိတယ် ဆိုတာကို သတိရပါ။


(23) သင့်ဘ၀ခရီးကို တခြားတစ်ယောက်နှင့် မနှိုင်းယှဉ်ပါနှင့်။ အချိန်တိုင်းက

သင့်ခရီး တိုးတက်မှုအတွက်သာ ဖြစ်ပါစေ။


(24) ဘာကိုဦးတည်ပြီး ဘယ်ကိုခရီးဆက်နေမှန်း ကိုယ့်ကိုယ်ကို

မသိတဲ့လူတစ်ယောက်အတွက် ရာသီဥတု ဘယ်လောက် သာယာသာယာ၊ လမ်းတွေ ဘယ်လောက်

ကောင်းကောင်း အကျိုးမပြုနိုင်ဘူး။


(25) ကိုယ် ဘူတာ ဘယ်နှစ်ခု ကို ဖြတ်ကျော်ခဲ့ ပြီလဲ ဆို တာလဲ မျက်ခြေ မပျက်ပါစေနဲ့



အားလုံးပဲပျော်ရွှင်ကြပါစေ

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ