p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 22 November 2012

ချစ်သူးနာလည်ပါ

ရန်ဖြစ်ပြီးမှ ပိုချစ်သွားတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ အချစ်တွေ ခိုင်မြဲလာတာကို ငါပိုမက်မောတယ် ...

အချော့ခံရလို့ ကြည်နူးရတာထက် နှစ်ယောက်အတူ ရယ်မောပျော်ရွှင်ရင်း ကြည်နူးရတာကို ငါပိုတန်ဖိုးထားတယ် ...

ရန်ဖြစ်ပြီးရင် ပိုချစ်တယ်လို့ ပြောကြပေမယ့် ရန်ဖြစ်နေတဲ့ အခိုက်အတန့်လေးအတွင်းမှာ ဘယ်လောက်နာကျင်ခံစားရလဲဆိုတာ နင်နဲ့ငါပဲ သိတယ် ...

.
ရန်ဖြစ်ပြီးရင် ပိုချစ်တယ်လို့ ပြောကြပေမယ့် ရန်ဖြစ်နေတဲ့ အခိုက်အတန့်လေးအတွင်းမှာ ဘယ်လောက်နာကျင်ခံစားရလဲဆိုတာ နင်နဲ့ငါပဲ သိတယ် ...

စိတ်ကောက်ပြီး အချော့ခံရတာ ကြည်နူးဖို့ကောင်းတယ်လို့ ပြောကြပေမယ့် စိတ်ကောက်နေတဲ့ အခိုက်အတန့်လေးအတွင်းမှာ မာနနဲ့တင်းခံနေရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ နင်နဲ့ငါပဲ သိတယ် ...

အနေဝေးရင် သွေးအေးတယ်လို့ ပြောကြပေမယ့် အတူတူရှိပြီး နှလုံးသားချင်းဝေးနေတဲ့ ချစ်သူတွေထက် ဝေးနေကြေ

ပမယ့် နှလုံးသားချင်း ထပ်တူကျနေတဲ့ ငါတို့ဆက်ဆံရေးက ပိုပြီးနွေးထွေးတယ်ဆိုတာ နင်နဲ့ငါပဲသိတယ် ...

ချစ်သူ ...

သူများတွေ ပြောနေကြတဲ့ အစဉ်အလာလိုဖြစ်နေတဲ့ စကားတွေထက် လက်တွေ့ခံစားနေရတဲ့ ငါတို့ရဲ့ ခံစားချက်က ပိုအရေးကြီးတယ် ...

ရန်ဖြစ်ပြီးမှ ပိုချစ်သွားတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ အချစ်တွေ ခိုင်မြဲလာတာကို ငါပိုမက်မောတယ် ...

အချော့ခံရလို့ ကြည်နူးရတာထက် နှစ်ယောက်အတူ ရယ်မောပျော်ရွှင်ရင်း ကြည်နူးရတာကို ငါပိုတန်ဖိုးထားတယ် ...

အဝေးကြီးကို လှမ်းမျှော်ကြည့်မနေနဲ့ ချစ်သူ ...

ငါတို့အချစ်တွေက ငါတို့ရင်ဘတ်ထဲမှာပဲ ရှိတာပါ ...

အချစ်မှာ နားလည်မှုတွေ သည်းခံမှုတွေ ဘာတွေ ညာတွေ လိုတယ်လို့ ဘယ်လောက်ပဲ ပြောနေကြပါစေ ...

တကယ်တော့ "အချစ်" မှာ "အချစ်" ပဲ လိုတာပါ ♥♥♥

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ