p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 26 November 2012

အရှုံးနိဂုံး

ငါရဲ့အနားမှာ…မင်းမရှိတော့ဘူးနော်….
မျက်ရည်တွေကိုမုန်းတဲ့…ငါ
အခုတော့ မျက်ရည်တွေနဲ့ပေါ့
မလိမ်ညာတတ်ပေမဲ့
ဟန်ဆောင်မျက်နှာဖုံးနဲ့
အပြုံးပန်းတွေဝေတတ်တဲ့ ငါဟာ
တကယ်တော့….
မမြင်ကွယ်ရာမှာတိတ်ဆိတ်စွာ…
ငိုကြွေးလေ့ရှိတယ်ဆိုတာ…
ဘယ်သူသိနိုင်ပါ့မလဲ…
ဝန်ခံပါတယ်..
ငါစိတ်ညစ်ရင်
သူငယ်ချင်းတွေနဲ့
စကားဖောင်ဖွဲ့ ရင်း
ရီစရာဖွေရှာလို့
ပြောတတ်လေ့ရှိတယ်..
ဒါပေမဲ့…
ခုချိန်မှာတော့ ငါက
သူငယ်ချင်းတွေနဲ့
အဝေးဆုံးမှာဆိုတော့
ငါဘာလုပ်မယ်လို့ ထင်သလဲ ဟင်…
ဖြစ်ချင်တာမဖြစ်တဲ့
လောကကြီးမှာ
လုပ်သင့်တာကိုဦးစားပေးတတ်တဲ့ ငါ…
ရီစရာကားရှာဖွေကာကြည့်သော်လည်း…
ရီစရာဆိုတာ ဘာမှ မပါတဲ့ခါ.
ကဗျာတွေဟာငါ့ရဲ့အဖော်ပေါ့…
စာတွေဟာ ငါ့ရဲ့သူငယ်ချင်းတွေပေါ့…
ရက်စက်သူလို့
စာမဖွဲ့ လိုပေမဲ့
မျက်ရည်ကျအောင် အစွမ်းရှိသူမို့
ကိုကိုအောင်နိုင်သူကြီးရယ်လို့ 
တမ်းတစွာခေါ်ရင်း
ဒီဘ၀ဒီမျှနဲ့ နှုတ်ဆက်ပါရစေတော့….

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ