နင့်မျက်ဝန်း
ငါမမေ့
နင့်လက်အောက်
ငါဒူးထောက်
မစခင်ကတည်းကရှုံးပြီးသား
နင်အနိုင်ယူပါ
နင်နဲ့တွေ့ရင်
စကားတွေပြောမထွက်
နင့်အမြင်မှာ
ငါဟာခပ်တီတီလူတစ်ယောက်
ငါငြင်းချက်ထုတ်မယ်
"မဟုတ်ဘူး"
အရမ်းချစ်မိနေတာ
နင်တစ်ယောက်တည်း
စတွေ့တဲ့နေ့
ရင်မှာ နင့်ပုံရိပ်ကမ္ပည်းထိုး
ငါ အရမ်းချစ်တယ်
စကားလုံးတွေနည်းလွန်းတဲ့အခါ
တစ်မျိုးမထင်ပါနဲ့
စကားပြောဖို့ ငါစိုးထိတ်
ကြောက်ရွံ့မှု ငါ့ရင်မှာကြီးစိုး
ငါ့ကိုယ်ငါ နားမလည်
နင့်ကိုလိုက်ရှာလို့မတွေ့တော့
ငါ့ရင်မှာ လှစ်ဟာ
နှလုံးသားနာကျင်ရတယ်
ငါ့ဘ၀မှာ နင်ရှိမှ
အရောင်တောက်ပလိမ့်မယ်
ငါ့အချစ်လက်ခံပေးပါလား
ဖွင့်ပြောရင် မငြင်းပါနဲ့
အဖျားမမိချင်ဘူးငါ. နှလုံးသားလေ. . . ။ ။ ရေးသားစိုင်း
No comments:
Post a Comment