p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

မေတ္တာဝေဖြာ ဒီကမ္ဘာ



မေတ္တာဆိုတာ ရင်ထဲက ပေါက်ဖွားလာတဲ့ နူးညံ့သိမ်မွှေ့တဲ့ ခံစားချက် တစ်မျိုးပါ ။

မေတ္တာဟာကိုယ်ချင်းစာမူ ,  ကြင်နာ သနားမူ , ကရုဏာ ပွားမူတွေရဲ့ ရောင်ပြန်ဟတ်ချက် ပြယုဂ်လို့လဲ ဆိုနိုင်ပါတယ် ။

မေတ္တာဟာ ခွင့်လွှတ်ချင်း , သည်းခံခြင်း , စိတ်ရှည်ချင်းတွေကို ဆင့်ပွားမွေးထုတ်ပေးပါတယ် ။

မေတ္တာဟာရန်လို မုန်းတီးမူ , တကိုယ်ခေါင်းဆန်မူ ,  အတ္တကြီးမူ , မနာလိုဝန်တိုမူ , ရက်စက်ယုတ်မာမူ
ကောက်ကျစ်ဆင်းလဲမူတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ် ။

အဲ့ဒိမေတ္တာကို ပကတိ အာရုံခံကိရိယာတွေနဲ့ မြင်သိနိုင်စွမ်းမရှိပါဘူး။
နှလုံးသားကိစ္စ သက်သက်ဖြစ်လို့ ကိုယ်တိုင် သုံးစားပြီး လက်တွေ့ ခံစားကြည့်မှ နားလည်နိုင်တဲ့ အရာပါ ။

မွေးရာပါ မဟုတ်ရင်တောင် မေတ္တာကို တမင်ပျိုးထောင်လို့ ရပါတယ် ။
တခုတော့ပြောရပါလိမ့်မယ်  ဟန်ဆောင်ခြင်း နှင့် မေတ္တာကို ဖန်တီးလို့ မရပါဘူး ။

လူတွေ မှာ အသက်ရှိတယ် ။ ခံစားချက် ရှိတယ် ။ တန်ဖိုး မဖြတ်နိုင်တဲ့ ဘ၀တွေ ရှိတယ်ဆိုတာ
နားလည်ထားရမှာ ဖြစ်သလို ......
ဒီနားလည်မူ အရ ကိုယ်ချင်းစာမေတ္တာတရား ထားကျရမှာဖြစ်ပါတယ် ။

အကြင်နာမေတ္တာတရားဟာ အရေအသွေးပြည့်ဝတဲ့ လူပီသတဲ့လူဖြစ်ဖို့
ခေါင်းဆောင်ကောင်းဖြစ်ဖို့ ပဓာန အကျဆုံး အချက်ဖြစ်ပါတယ် ။

မေတ္တာဟာ အံ့မခန်း တန်ခိုးကြီးမားပြီင်္း လူလောကကြီး ခိုင်မာတည် တန့်ရေးမှာ မရှိမဖြစ်တဲ့ "ဒေါက်"မဏ္ဍိုင် ကြီးပါပဲ ။

အတွေး အခေါ်ပညာရှင် တချို့ကလဲ မေတ္တာနဲ့ပါတ်သတ်ပြီး မှတ်ချက်ပေးခဲ့ကျတာက ဒီလိုပါ ......

 "  အရာရာကို ကျုပ် အကုန်အစင်နားလည်ခဲ့ပါတယ်။ အဲ့သလိုနားလည်တာဟာ မေတ္တာထား
ပြီးချစ်တတ်လို့ပါပဲ  "  (လီယိုတော်စတွိုင်း) ။

ဝီလီယမ်ရှိတ်စပီးယား ..ကတော့ " "  ချစ်ကြပါရေရှည်ထာဝရချစ်ကျပါ  " "  လို့ တိုက်တွန်းနိုးဆော်ခဲ့ပါတယ် ။

ဗာဂျီး ....ကလဲ
"   ချစ်ခြင်းမေတ္တာဟာ အားလုံးကိုအောင်နိုင်ပါတယ် "တဲ့ ။

ပညာရှင်ဒေါက်တာ တဦးဖြစ်တဲ့ ဒေးဗစ်ဂျိုးဇက်ဝတ်ခ် ... ကတော့
"  အိမ်ထောင်ရေး ဘ၀မှာ ကိုယ့်မိသားစု , ဇနီးသားသမီးများကို
 ဂရုစိုက်ယုယပြီး ချစ်ခင်မူ့ပြဖို့ဟာ အရေးကြီး လှပါတယ် "  လို့ ဆိုခဲ့ပါတယ် ။

အမေရိကန် သမ္မတဟောင်း လင်းန်ဂျွန်ဆင်  ...ကတော့ သူ့ရဲ့အောင်မြင်ရေးကျင့်စဉ်တွေ ထဲမှာ ...
"  တကိုယ်ကောင်းစိတ်နဲ့ အတ္တမဆန်ပါနဲ့ ။  အတ္တကြီးမားမူကို မတတ်နိုင်ဆုံးရှောင်ကြဉ်ပါ ။
လူတိုင်းကို စိတ်ဝင် တစား တန်ဖိုးထားဆက်ဆံပါ ။
ဘယ်သူနဲ့ မဆို အတတ်နိုင်ဆုံး အနှစ်နာခံပါ ။
တခြားသူတွေရဲ့ကြိုးပမ်းအောင်မြင် မူတွေကို အနည်းဆုံး ဂုဏ်ပြုစကား တခွန်းတော့ ပြောလိုက်ပါ ။
ကြေကွဲဝမ်းနည်းပြီး စိတ်မချမ်းမသာဖြစ်နေသူတွေကို
ကိုယ်ချင်း စာ သနားကြင်နာမူပြပါ ။
လူတွေကို စိတ်ဓါတ်မြင့်လာအောင် အားပေးပါ "   စသဖြင့် မော်ကွန်းတင်ခဲ့ပါတယ် ။

ဒီတော့ လူတဦးချင်း ရဲ့ ကိုယ်ပိုင် ဘ၀နဲ့ ခေါင်းဆောင်ကောင်းတယောက် အဖြစ်
အောင်မြင် စွာ စွမ်းဆောင် နိုင်ရေးမှာ မေတ္တာဟာ အလွန်အရေးပါပါတယ် ။

ဘာကြောင့်လဲ ဆိုတော့  လူဘ၀ရဲ့ အနှစ်သာရတွေ ထဲမှာ မေတ္တာတရားကို ဗဟိုပြုပြီး နေနေကျလို့ ဖြစ်ပါတယ်။
ယေရှူခရစ်ရဲ့ ..
"  သင့်ကိုသင်ချစ်သလို အိမ်နီးချင်းကိုလဲ ချစ်လော့ " ...။ဆိုတဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ် ။

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါ
စေ ။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ