နောက်ဆုံးအထိ မလျော့တဲ့ဇွဲနဲ့ ကြံ့ကြံ့ခံနိုင်တဲ့လူကို ပြပါဆိုရင် Abraham Lincoln ကို ပြရပါလိမ့်မယ်။ လင်ကွန်းဟာ ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး အသက်ရှင်နေခဲ့သမျှ ကာလပတ်လုံးမှာလည်း ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်တယ်။ သူဟာ ရွေးကောက်ပွဲမှာ (၈)ကြိမ်ပါဝင် ရွေးကောက်ခဲ့လည်း (၈)ကြိမ်စလုံး အရွေးမခံခဲ့ရသလို စီးပွားရေး နှစ်ခါလုပ်တာ နှစ်ခါစလုံး အဆုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ စိတ်ကျဝေဒနာ အကြီးအကျယ် တစ်ကြိမ်ခံစားခဲ့ရတယ်။ လက်လွတ်တဲ့ အခြေအနေထိရောက်ခဲ့လည်း သူရဲ့မလျော့တဲ့ဇွဲနဲ့ လက်မလွတ်၊ အရှုံးမပေးခဲ့လို့ပဲ သူဟာ အမေရိကန်ရဲ့အအောင်မြင်ဆုံးသော သမ္မတဖြစ်လာခဲ့တယ်။
အောက်ပါ အချက်အလက်တွေက သူ အိမ်ဖြူတော်မရောက်ခင် သူ့ရဲ့ကိုယ်ရေးရာဇဝင် အကျဉ်းဖြစ်တယ်။
၁၈၁၆ခုနှစ်.... သူ့မိသားစုတွေ နေအိမ်မှ မောင်းထုတ်ခံရ၊ မိသားစုအတွက် အလုပ်လုပ်ခဲ့ရ
၁၈၁၈ခုနှစ်.... မိခင်ကွယ်လွန်
၁၈၃၁ခုနှစ်.... စီးပွါးရေးဆုံးရှုံး
၁၈၃၂ခုနှစ်....လွှတ်တော်အမတ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်ခဲ့
၁၈၃၂ခုနှစ်....အလုပ်လက်မဲ့ဖြစ်၊ ဥပဒေကျောင်းတက်ဖို့ ကြိုးစားခဲ့သော်လည်း ဝင်ခွင့်မရခဲ့
၁၈၃၃ခုနှစ်....မိတ်ဆွေထံ ငွေချေးပြီး စီးပွါးလုပ်၊ မအောင်မြင်၊ ထိုချေးငွေကို ၁၆နှစ်ကြာအောင်ဆပ်ခဲ့ရ
၁၈၃၄ခုနှစ်... လွှတ်တော်အမတ် ၀င်ရောက်ရွေးချယ်၊ အောင်မြင်
၁၈၃၅ခုနှစ်....လက်ထပ်ခါနီး စေ့စပ်ထားသော သတိုးသမီးလောင်း ကွယ်လွန်၊ ရင်ကွဲနာကျ
၁၈၃၆ခုနှစ်....စိတ်ကျရောဂါခံစား၊ ဆေးရုံတွင် (၆)လကြာ ကုသခဲ့
၁၈၃၈ခုနှစ်....လွှတ်တော်အမတ်ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်
၁၈၄ဝခုနှစ်....ရွေးကောက်ပွဲတွင်ပါဝင် ရွေးချယ်ခဲ့၊ မအောင်မြင်
၁၈၄၃ခုနှစ်....ပါရီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်
၁၈၄၆ခုနှစ်....နောက်ထပ်တစ်ကြိမ် ဝင်ရောက် ရွေးချယ်၊ ရွေးချယ်ခြင်းခံရ
၁၈၄၈ခုနှစ်... လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်ပြန်
၁၈၄၉ခုနှစ်... ကိုယ့်ရပ် ကိုယ့်ငှာနတွင် အမှုထမ်းရန် အလုပ်လျှောက်ခဲ့သော်လည်း ငြင်းဆိုခံရ
၁၈၅၄ခုနှစ်...အမေရိကန်၏ အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးချယ်၊ မအောင်မြင်
၁၈၅၆ခုနှစ်...အမေရိကန်ပြည်သူ့ သမ္မတနိုင်ငံ၏ ဒုတိယဥက္ကဌအဖြစ် ပါဝင်ရွေးချယ်၊ သို့သော် ရမဲ(၁ဝဝ)ပင် မပြည့်ခဲ့
၁၈၅၈ခုနှစ်...အထက်လွှတ်တော်အဖြစ် ဝင်ရောက်ရွေးချယ်ပြန်၊ မအောင်မြင်
၁၈၆၀ခုနှစ်... အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံရ
လျှောက်ရတဲ့လမ်းက
ရွံ့နွံ့တွေ အထပ်ထပ်ပါပဲ။ ခြေတစ်ဖက်က ချော်လဲရင် ကျန်ခြေတစ်ဖက်ကလဲ
လိုက်ယိုင်တယ်။ ဒါပေမဲ့ အသက်ဝဝ ရှုပြီး ကိုယ့်ကို အသိပေးလိုက်တယ်။ “ဒါဟာ
ခြေချော်ရုံ သက်သက်ပဲ။ ပြန်မထနိုင်စရာအကြောင်း လုံးဝမရှိဘူး”
No comments:
Post a Comment