p


ကဗျာနန်းတော်..မှ ကြိုဆိုပါတယ်...သင်တို့ရဲ့သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ် ကဗျာနန်းတော် သည် သင့် ကဗျာနန်းတော် ဖြစ်ပါတယ် အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ကဗျာနန်းတော် ကို ၂၀ ၁၁ ၂၀၁၂ မှ ဖွင့် ခဲ့ချင်းဖြစ်ပါတယ် ကဗျာနန်းတော်ကို ပိုင်ရှင်....မှာ....poemnanndor@gmail.com ..မှ..ဖြစ်ပါတယ် ကဗျာချစ်သူလေးများဝင်ယောက်နိုင်ပါတယ်
ကဗျာနန်းတော် ..မှ ..စည်းကမ်းချက်များ..သူငယ်ချင်းတစ်ယောက်နှင့်တစ်ယောက် ထိခိုက်စေသော အသုံးအနှုန်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ၊ဆဲဆိုသောစာများ ပြောဆို၊ရေးသားခြင်း လုံးဝခွင့်မပြု.. ယဉ်ကျေးစွာကွန်.မန်းပေးပါ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 2 December 2012

"""လမင်းနဲ့ သစ်ပင်"""


နင်က""လမင်း""ဆိုရင် ငါက "သစ်ပင်" ပါ
ကြယ်စင်တွေဝန်းရံထားတဲ့လမင်း
အရောင်တောက်ပမှုတွေကြားမှာ
မင်းကသခင်တစ်ပါးပေါ့

ငါ့ဘဝက မြေကြီးထပ်မှာ
တစ်ခါခါရွက်ဝါကြွေရသူပဲ
တိန်တွေညိုတိုင်း
ပြိုလာမယ့်မိုးကို
မားမားမက်မက် ရပ်စောင့်ခဲ့ရသူ
ဘယ်လိုပုံနဲ့ မင်းအနားကိုရောက်ခွင့်ရှိမှာလည်း

ဒါပေမယ့် လမင်းရယ်.....
ညခင်းမှာလင်းတဲ့ ရောင်ခြည်ကို
ခိုလှုံနေကြ ငါ့ဘဝက
လမသာတဲ့ညမျိုးမှာတောင်
တိုးတိုးလေးလွမ်းရသူပါ

မင်းကတော့ဘယ်သိလိမ့်မလည်း
တိမ်တွေထပ်မှာနေရာယူပြီး
ကောင်းကင်ကိုခြုံထားတဲ့သူပဲလေ.....
ငါလိုအညတရသစ်တစ်ပင်မှာ
မင်းအတွက်ပလ္လင်မှမရှိတာ

တကယ်တော့ငါက လောကဓံကို သစ်တစ်ပင်လို ရင်ဆိုင်နေရသူ
အမြင့်စံမင်းဘဝကို
မော့ကြည့်ရင်းကြေနပ်နေရသူပါ
အခြွေရံတွေနဲ့ တင့်တယ်နေတဲ့
လမင်းလေးလို မင်းဘဝကို
အထီးကျန် အရိပ်ငယ်ထည်းမှာ
ထာဝရမအိပ်စက်လိုဘူး
တိမ်ယံတွေအထပ်မှာပဲ စံ ပါလမင်းရယ်...
ငေးကြည့်ရုံလေး နဲ့ ငါကြေနပ်ပါတယ်။။။။။

No comments:

Post a Comment

အကြံပြုမယ်

Blog Archiveနောက်ဆုံးတင်သမျှ